𝐏𝐚𝐫𝐭.29

3K 160 27
                                    

Unicode

သုတရောရွှေလွှာရောရဲစခန်းရှေ့မှာရန်ဖြစ်ကြတာမို့အလွယ်လေးပဲအချုပ်ခန်းထဲဆွဲထည့်ခံလိုက်ရသည် သုတကခေါင်းကွဲထားတာမို့ပတ်တီးစီးထားရ၏၊ရွှေလွှာကလက်အရိုးအပ်သွားတာကြောင့်လှုပ်ရှားမရသေးပေ နှစ်ယောက်သားအချုပ်ခန်းထဲမှာတစ်ယောက်ကိုတစ်ယောက်ဒေါသမပြေသလိုကြည့်နေကြ၏၊နှစ်ယောက်လုံးမျက်နှာမှာလည်းတစ်ယောက်အပေါ်တစ်ယောက်မကျေနပ်မှုများရှိနေကြသေးသည်။

ရွှေလွှာလည်းအချုပ်ခန်းထဲကထွက်ရလို့ဝမ်းသာမယ်ရှိတုန်းရဲစခန်းရှေ့မှာရန်ဖြစ်မိလို့ခုတော့အထဲပြန်ဝင်နေရသည် ရွှေလွှာလည်းတကယ်မထင်ထားခဲ့တာပေ၊သုတရွှေရည်ပျောက်သွားတာသိပေမဲ့ရွှေလွှာစိန်တွေခိုးခဲ့တဲ့ဂိုဏ်းဆီကိုပါသွားလိမ့်မယ်လို့တော့တကယ်မထင်ထားခဲ့တာဖြစ်၏၊သုတရွှေရည်အနေနဲ့လည်းဒါဟာအတော်လေးဒေါသထွက်စရာဖြစ်ခဲ့တာကိုလည်းရွှေလွှာနားလည်သည်၊ယခုလည်းသူ့အပေါ်မှာလက်မပါချင်ပေမဲ့ဆက်ပြီးငြိမ်ခံနေရင်လည်းသေရုံရှိတော့မှာမို့ပုလင်းနဲ့ရိုက်လိုက်မိတာဖြစ်၏။

သုတကိုမသိမသာလှန်းကြည့်တော့တင်းမာနေတဲ့မျက်နှာထားနဲ့ရှေ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရသည် ရွှေလွှာကြည့်နေမှန်းသတိထားမိတော့ခပ်စူးစူးကြည့်လာပြီးမျက်စောင်းထိုးသွား၏၊ရွှေလွှာလည်းသက်ပြင်းချ၍သာဒဏ်ရာရတဲ့လက်လေးကိုကိုင်ကြည့်နေလိုက်သည်။

အချုပ်ခန်းအနီးကိုအပြေးရောက်လာတဲ့ခြေသံတွေကြောင့်သုတရောရွှေလွှာရောမတ်တပ်ထရပ်လာကြ၏ အချုပ်ခန်းဆီကိုလာနေတာကရှေးအိပ်မက်နဲ့ဒေါ်သွန်းရွှေရည်ဖြစ်သည်၊

"အမေ"

သုတရဲ့ခေါ်သံကြောင့်ဒေါ်သွန်းရွှေရည်ကအနီးကိုလျှောက်လာရင်းအခန်းထောင့်မှာရပ်နေသေးတဲ့ရွှေလွှာ့ကိုစိုက်ကြည့်လာ၏၊တရစ်ရစ်ဝဲတက်လာတဲ့မျက်ရည်တို့နဲ့အတူဒေါ်သွန်းရွှေရည်မျက်နှာကအပြုံးတွေဟာလည်းပီပြင်နေခဲ့သည်၊ရွှေလွှာ့ကိုကြည့်၍မျက်ရည်တွေကြားကနေဒေါ်သွန်းရွှေရည်ကပြုံးနေတာမို့သုတကနားမလည်သလိုကြည့်နေ၏။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Feb 04 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

အမြွှာဖူးစာ(Gl)Tempat cerita menjadi hidup. Temukan sekarang