𝐏𝐚𝐫𝐭.13

1.2K 119 2
                                    

Unicode

ရွှေလွှာရေချိုးပြီးသည်အထိသူမကနိုးမလာသေးပေ..ဒါကြောင့်မို့အစားအသောက်စီစဉ်ခိုင်းဖို့သာအောက်ထပ်ကိုဆင်းလာခဲ့လိုက်၏၊ရွှေလွှာဆင်းလာတော့ဧည့်ခန်းထဲကနံရံမှာဓာတ်ပုံတစ်ပုံချိတ်ထားသည်၊ဓာတ်ပုံကသုတရွှေရည်တို့ရဲ့မ်ိသားစုပုံလေးဖြစ်ပြီးမသိရင်သုတရွှေရည်ကရွှေလွှာ့အတိုင်းပင်၊ဒီလိုမျိုးသွေးမတော်သားမစပ်လူနှစ်ယောက်ကရုပ်ချင်းအဲ့လောက်တူနိုင်လို့လား၊

"မမလေး ဘာအလိုရှိလို့လဲ"

ဘေးကအသံကြားမှရွှေလွှာ့အကြည့်တွေကဓာတ်ပုံကနေခွာသွား၏၊ဘေးမှာရပ်နေတာကအိမ်အကူတစ်ယောက်ဖြစ်ပြီးရွှေလွှာ့ကိုသတိထားမိသွား၍အနားရောက်လာပုံရသည်၊ရွှေလွှာကထိုအိမ်အကူကိုကြည့်လာရင်း

"စားဖို့သောက်ဖို့ကရော"

"အကုန်စီစဉ်ပေးပြီးသားပါ မမလေးတို့စားတော့မယ်ဆိုရင်ပြင်လိုက်ရုံပါပဲ"

"အင်း ဒါဆိုခဏထားလိုက်ဦး ပြီးမှဆင်းလာခဲ့လိုက်မယ်"

"ဟုတ်ကဲ့ပါ"

ရွှေလွှာအပေါ်ကိုပြန်တက်လာလိုက်ရင်းရှေးအိပ်မက်မနိုးသေးရင်လည်းနှိုးလိုက်တော့မည်ဟုဆုံးဖြတ်မိ၏၊အချိန်လည်းမနည်းတော့တာမို့သူမဆက်အိပ်နေဖို့မကောင်းတော့ပေ၊တံခါးကိုအသာဆွဲဖွင့်လိုက်တော့ကုတင်ပေါ်ကကိုယ်လုံးလေးကရွှေလွှာ့ဘက်ကိုကြည့်လာခဲ့သည်၊နိုးနေပြီဖြစ်တဲ့သူမကကုတင်ပေါ်ငုတ်တုတ်ထိုင်နေ၏၊အိပ်ရာနိုးစဖြစ်လို့မို့အစ်နေတဲ့မျက်နှာလေးကဖူးအတ်အတ်။

"နိုးနေပြီလား ငါလည်းအခုပဲလာနှ်ိုးတာ"

"ဟုတ် ကျွန်မအကြာကြီးအိပ်မိသွားတာလားဟင်"

"မကြာပါဘူး ကဲထ အချိန်လည်းမနည်းတော့ဘူး ထမင်းဆင်းစားကြရအောင်"

ရွှေလွှာကထိုသို့ပြောပြီးအခန်းထဲကအရင်ထွက်သွားသည်၊ရှေးအိပ်မက်လည်းသက်ပြင်းသဲ့သဲ့ချ၍ကုတင်ပေါ်ကဆင်းလာလိုက်၏၊ကားပေါ်မှာအိပ်လိုက်လာရင်းကနေရှေးအိပ်မက်နိုးလာတော့လူကကုတင်ပေါ်မှာ၊ကိုယ့်ကိုမနှိုးပဲပွေ့ချီပေးလာတဲ့လူကိုလည်းစိတ်ထဲကနေအလိုကျနေမိ၏၊ရှေးအိပ်မက်တို့အိမ်ထောင်ရေးကချစ်ကြိုက်လို့ယူထားတာမဟုတ်၍အကောင်းကြီးပဲမဖြစ်လာရင်တောင်အဆိုးတော့ဖြစ်လောက်မယ်မထင်ပေ။
.. ..
ပစ်ခတ်မှုတွေပြီးသွားတော့ထာဝဇဉ်တို့ဘက်ကပစ္စည်းတွေအပျောက်အပျက်များသွားတာမို့အကုန်သိမ်းဆည်းနေကြရင်းအလုပ်ရှုပ်နေသည်၊ထာဝဇဉ်တို့ဘက်ကလူအနည်းငယ်ထိခိုက်သွားကြပေမဲ့အသက်အန္တရာယ်တော့ဖြစ်မသွားကြ၍တော်သေးသည်ပြောရမည်၊ဟိုလူ့ကိုတော့အခန်းထဲမှာသေချာအိပ်ခိုင်းခဲ့သည်၊သူလည်းမနေ့ကတစ်နေ့လုံးဟိုပြေးဒီပြေးနဲ့ပင်ပန်းထားတာကတစ်မျိုးအနာရှိန်ကတစ်မျိုးမို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလောက်မယ်ထင်သည်၊ပစ္စည်းတွေကိုသေချာပြောင်းရွှေ့ဖို့ဘေးကနေအနီးကပ်ပြောပြနေရင်းကနေထာဝဇဉ်သူ့ကိုအတွေးရောက်ရ၏၊မနက်၉နာရီထိုးတော့မှာမို့သူနိုးနေတော့မည်လား..မနေ့ညကလည်းတစ်ညလုံးစိတ်ဖြောင့်ဖြောင့်အိပ်နေတော့မနက်စောစောနိုးလောက်မယ်ထင်သည်။

အမြွှာဖူးစာ(Gl)Where stories live. Discover now