𝐏𝐚𝐫𝐭.12

1.1K 123 3
                                    

Unicode

ကုတင်ထက်မှာအိပ်ပျော်လျက်ရှိတဲ့သုတရဲ့ဘေးမှာထာဝဇဉ်ထိုင်စောင့်နေသည်၊ဒဏ်ရာတွေကိုဆေးသေချာထည့်ပေးထားပေမဲ့ကိုက်ခဲနာကျင်တာတွေရှိနေဦးမယ်ထင်သည်၊သူနိုးလာရင်တော့တစ်ခုခုစားခိုင်းပြီးဆေးတိုက်မှရမယ်ထင်၏၊အစ်ကိုကြီးကလည်းဆေးတွေလာပေးသွားသည်၊ငြိမ်သက်နေတဲ့သူ့ကိုယ်ကိုကြည့်ပြီးထာဝဇဉ်အပြစ်ရှိသလိုခံစားနေရ၏၊တကယ်ပဲစိန်တွေယူသွားတာသူမဟုတ်ဘူးလားဆိုတဲ့အတွေးကပဲခေါင်းထဲနေရာယူနေသည်။

ခဏကြာတော့အိပ်ပျော်နေသူကလူးလွန့်လာရင်းနာကျင်မှုကိုခံစားရ၍မျက်ခုံးတို့ကိုတွန်းချိုးလာသည်၊ထာဝဇဉ်ကုတင်နားကိုအသာကပ်သွားလိုက်ပြီးသူ့အခြေအနေကိုဆက်ကြည့်နေတုန်းသုတမျက်လုံးတွေပွင့်ဟလာ၏၊တဖြည်းဖြည်းပွင့်လာတဲ့မျက်လုံးတွေကအသိစိတ်နဲ့ယှဉ်တွဲခြင်းမရှိသေး၍မျက်နှာကျက်ကိုငူငူကြီးစိုက်ကြည့်နေသည်။

"ခင်ဗျား နိုးလာပြီလား"

ထာဝဇဉ့်အသံကြားမှနိုးနိုးကြားကြားရှိလာသူကဖြတ်ခနဲလှည့်ကြည့်လာရင်းထာဝဇဉ့်ကိုမြင်တော့မျက်လုံးတို့ကချက်ချင်းခက်ထန်သွား၏၊ထာဝဇဉ့်ကိုဆက်မကြည့်တော့ပဲအကြည့်လွှဲသွားတာမို့သက်ပြင်းသဲ့သဲ့ချပြီးသူ့ကိုထိုင်လို့ရအောင်လုပ်ပေးလိုက်သည်၊မကြည်ဖြူပေမဲ့ရုန်းကန်တာမျိုးတော့မလုပ်ပေ။

"ရေသောက်မလား"

"ထွက်သွား"

"ခင်ဗျားတစ်ယောက်ထဲလေ ဒီဂိုဏ်းမှာခင်ဗျားကိုဂရုစိုက်မဲ့လူဆိုလို့ကျုပ်နဲ့အစ်ကိုကြီးပဲရှိတာ သေသွားချင်လို့လား"

"ဒီလိုဒဏ်ရာတွေဖြစ်လာအောင်လုပ်တာလည်းမင်းနဲ့မင်းအစ်ကိုပဲလေ"

ထာဝဇဉ်မျက်နှာပျက်သွားတာတွေ့တော့သုတကခပ်မဲ့မဲ့ပြုံးသည်၊ဘာမှပြန်မပြောတော့ပဲရေတစ်ခွက်ငှဲ့ပေးလိုက်ရင်း

"ခင်ဗျားသောက်ဖို့ဆန်ပြုတ်သွားယူပေးမယ်"

သူ့ဘက်ကဘာမှပြောမလာခဲ့တာမို့ထာဝဇဉ်အခန်းထဲကထွက်လာလိုက်သည်၊ဆန်ပြုတ်ကိုအလုပ်သမားတစ်ယောက်ကိုပြုတ်ခိုင်းထားတာမလို့တန်းပြီးယူလာလိုက်လို့ရ၏၊ဆန်ပြုတ်ရတာနဲ့အခန်းဆီကိုခပ်မြန်မြန်ပြန်လာလိုက်သည်၊ထိုအချိန်မှာပဲသေနပ်ပစ်ခတ်သံတွေဆက်တိုက်ကြားလိုက်ရပြီးထာဝဇဉ့်ခန္ဓာကိုယ်ကသတိအနေအထားဖြစ်သွားရ၏၊နံရံမှာကျောကပ်လိုက်ပြီးသေနပ်သံကိုသေချာနားထောင်ကြည့်တော့အစ်ကိုကြီးတို့ဘက်ကနေပစ်ခတ်နေကြတာဖြစ်သည်၊အပြန်အလှန်ပစ်ခတ်နေပုံရတဲ့သေနပ်သံတွေကိုယဉ်ပါးနေပြီဖြစ်တဲ့ထာဝဇဉ်ကတန်းပြီးအထာပေါက်သည်၊ဂိုဏ်းကိုဝင်စီးခံရတာဖြစ်ပြီးတစ်ဖက်ကဘယ်သူတွေလဲဆိုတာတော့ထာဝဇဉ်မသိ၊နေရာအစုံကနေသေနပ်သံတွေဆက်တိုက်ကြားလိုက်ရတာနဲ့ထာဝဇဉ်သတိရမိတာကအခန်းထဲတစ်ယောက်ထဲကျန်နေခဲ့သူကိုပင်၊သေနပ်သံတွေနီးစပ်လာတာနဲ့ခါးကြားထဲကသေနပ်ကိုဆွဲထုတ်၍အခန်းဆီအမြန်ပြေးလိုက်ရ၏။

အမြွှာဖူးစာ(Gl)Onde histórias criam vida. Descubra agora