Unicode
ဘုန်းမြတ်စိုးတို့အုပ်စုအပြေးအလွှားရောက်လာကြတဲ့အခါခြုံပုတ်ထဲကရွှေလွှာကအနည်းငယ်မှလှုပ်ခတ်သွားခြင်းမရှိအောင်ငြိမ်သက်လို့နေ၏၊ရုတ်တရက်ကြီးပျောက်သွားတဲ့ရွှေလွှာ့ကိုသူတို့အသည်းအသန်လိုက်ရှာနေကြသည်၊မိခါနီးမှလွတ်သွားရခြင်းကြောင့်ဘုန်းမြတ်စိုးရဲ့မခံချင်ဒေါသစိတ်ကလည်းအတိုင်းမသိထွက်ပေါ်နေလေ၏၊
"တောက်!...သူဘယ်ရောက်သွားတာလဲ"
"ငါတို့လည်းမင်းနဲ့အတူပြေးနေတာလေကွာ..သူဘယ်ရောက်သွားလည်းဘယ်လိုသိမှာလဲ..ချီး!..မောလိုက်တာ"
ဘုန်းမြတ်စိုးရဲ့သူငယ်ချင်းတွေကမောပန်းမှုကြောင့်စိတ်မရှည်သလိုပြောလာ၏၊နောက်တော့ဘုန်းမြတ်စိုးရဲ့အမြင်အာရုံကိုကျောပြင်တစ်ခုကနေရာယူသွားခဲ့သည်...ထိုကျောပြင်ကတော့သုတရဲ့ကျောပြင်သာဖြစ်ချေသည်၊ဘာလို့မှန်းမသိပေမဲ့နောက်ကနေမြင်နေရတဲ့ထိုကျောပြင်ကတစ်စုံတစ်ယောက်နဲ့တူနေသလိုခံစားနေရ၏၊ဘုန်းမြတ်စိုးကသွက်လတ်စွာပင်သုတရဲ့နောက်ကိုခြေလှမ်းကြဲများနဲ့လျှောက်သွားသည်။
အနားရောက်မှထိုသူကိုဆွဲလှည့်ကြည့်လိုက်သည်၊မြင်လိုက်ရတဲ့မျက်နှာကဘုန်းမြတ်စိုးရဲ့ဒေါသတွေကိုအတိုင်းမသိကြီးမားသွားစေ၏၊ရွှေလွှာနဲ့တူပါတယ်လို့ထင်နေတာ...တကယ်ကြီးရွှေလွှာမှရွှေလွှာဖြစ်သည်၊ဒီညဏ်နီညဏ်နက်များတဲ့မိန်းမကဘယ်အချိန်ကအဝတ်တွေကိုလဲလိုက်လိုက်မသိရ၊သူအဝတ်တွေလဲလိုက်တာနဲ့ပဲဘုန်းမြတ်စိုးတို့ကမမှတ်မိတော့ဘူးဟုယူဆထားပုံရ၏။
"မင်း!"
သုတမှာမိမိအားပိုင်စိုးပိုင်နင်းဆွဲလှည့်လာသောယောကျာ်းအားခပ်စူးစူးစိုက်ကြည့်မိသည်အထိဒေါသထွက်သွားရသည်၊ထိုလူ့လက်ထဲကဆောင့်ရုန်း၍ကိုယ့်လမ်းကိုယ်ဆက်သွားနေတော့ထိုလူကကျယ်လောင်စွာအော်ဟစ်ပြောဆိုလာခဲ့သည်။
"ရွှေလွှာ့ကိုတွေ့ပြီ!..ဟေ့ကောင်တွေလာကြ"
"ဟမ်..တွေ့ပြီလား..!"
ဘုန်းမြတ်စိုးရဲ့အသိပေးသံကြောင့်ကျန်တဲ့ကောင်တွေပါတရုန်းရုန်းထ၍ပြေးလာကြ၏၊သုတဘာမှနားမလည်ပဲကြောင်အနေတာမှန်ပေမဲ့ဒီအခြေအနေကပြေးနိုင်မှလွတ်မဲ့အခြေအနေမျိုးဟုခံစားနေရသည်၊ခပ်သွက်သွက်ပဲလှည့်ထွက်လိုက်ရင်းခြေလှမ်းတွေကိုအရှိန်တင်လိုက်လျှင်ဘုန်းမြတ်စိုးတို့အုပ်စုကလည်းအသည်းအသန်ပြေးလိုက်လာ၏၊ဘာကြောင့်ကိုယ့်ကိုရန်ရှာနေကြလဲမသိပေမဲ့တွေးနေဖို့လည်းအချိန်မရှိခဲ့ချေ..အခုချိန်မှာသုတအရင်ပြေးဖို့လို၏၊ထိုလူ့ပါးစပ်ကထွက်သွားသောရွှေလွှာဆိုတဲ့နာမည်ကိုလည်းနားထဲဆွဲထင်ကျန်ခဲ့သည်၊ဘယ်လိုလူမျိုးမို့သုတနဲ့မှားတာလည်းမသိပေမဲ့သုတကိုဒုက္ခပေးဖို့မွေးလာတဲ့လူဟုသတ်မှတ်မိလိုက်သည်၊သုတတော့လူတိုင်းကိုစနောက်ခဲ့တဲ့ဝဋ်တွေအခုကျမှပြန်လည်နေပြီထင်သည်၊တစ်ခါမှမလုပ်ဖူးတဲ့ခွေးပြေးဝက်ပြေးအလုပ်ကိုတောင်အခုလုပ်နေရသည်အထိ။
![](https://img.wattpad.com/cover/345722165-288-k629265.jpg)
YOU ARE READING
အမြွှာဖူးစာ(Gl)
Romanceငယ်ငယ်ထဲကကွဲကွာသွားခဲ့ကြတဲ့အမြွှာညီအစ်မနှစ်ယောက်၊စိတ်ချင်းဆက်နေတာမို့တစ်ယောက်ရယ်ရင်ရယ်ချင်ပြီးတစ်ယောက်ငိုရင်အလိုလိုလိုက်ငိုချင်နေလေသည်။ ခွဲမရအောင်တူလွန်းတဲ့မျက်နှာတွေကြောင့်ဘယ်လိုအလွဲအမှားတွေနဲ့ရယ်စရာဖြစ်ရပ်တွေဖြစ်လာမလည်း၊သူတို့ရဲ့ဖူးစာရှင်တွေကရောဘယ...