𝐏𝐚𝐫𝐭.21

1K 127 8
                                    

Unicode

သုတအမေဖြစ်သူဆီကိုမသွားလို့လဲမဖြစ်တာမို့အခန်းတံခါးကိုအသာတွန်းဖွင့်ပြီးဝင်လာခဲ့လိုက်သည် တံခါးဖွင့်သံကြားတော့အမေဖြစ်သူကသုတဆီကိုအကြည့်ရောက်လာ၏၊သုတကိုယ်လုံးလေးကိုကျုံ့လိုက်မိရင်းမျက်လွှာချလိုက်မိသည် အမေ့ရဲ့အဲ့လိုအကြည့်တွေကိုသုတခံနိုင်ရည်မရှိချေ၊အမေ့ဆီမှာအရင်လိုသုတအပေါ်ဘာနွေးထွေးမှုမှမရှိတော့။

"နင်လာပြန်ပြီလား ထွက်သွား!"

"အမေ အမေ့မှာသမီးပဲရှိတာလေ အမေ့ကိုပြုစုစောင့်ရှောက်ပေးမဲ့လူဆိုလို့သမီးပဲရှိတာ ရှေ့ဆက်အသက်ရှင်ရမဲ့ကာလတလျှောက်လုံးအမေနဲ့သမီးပဲကျန်တော့တာ အမေ့ကိုသမီးမစောင့်ရှောက်တော့ဘယ်သူစောင့်ရှောက်မှာလဲ"

ပြောရင်းနဲ့ပဲသုတ‌ပါးပေါ်သို့မျက်ရည်တစ်ချို့စီးကျလာခဲ့၏ ဒေါ်သွန်းရွှေရည်ကငိုနေတဲ့သုတကိုပေစောင်းစောင်းကြည့်ပြီးကုတင်ပေါ်ဘေးစောင်းလှဲအိပ်သည်၊ခဏဆိုသလိုသုတကိုလဲမျက်စောင်းထိုးသေး၏ အတော်လေးကြာမှထွက်ပေါ်လာသောစကားတစ်ခွန်းက

"အဲ့ဒါဆိုလဲလာခဲ့"

သုတမျက်ရည်တွေကြားကနေပြုံးလိုက်မိ၏ အမြန်ပင်အမေဖြစ်သူအနားလျှောက်သွားလိုက်ပြီးဆန်ပြုတ်ပန်းကန်လေးပြင်ဆင်လိုက်သည် ဒေါ်သွန်းရွှေရည်ကတော့သုတလုပ်သမျှကိုမျက်မှောင်ကျုံ့၍သာလိုက်ကြည့်နေ၏၊ပန်းကန်ထဲသို့ဆန်ပြုတ်ထည့်ပြီးတာနဲ့သုတကဒေါ်သွန်းရွှေရည်ဘေးမှာထိုင်ချရင်း

"ဆန်ပြုတ်လေးသောက်မယ်နော်အမေ"

"သောက်ချင်ပါဘူး ငါထမင်းပဲစားချင်တာ"

"နောက်ကျရင်စားရမှာပေါ့အမေရဲ့ အခုအမေကနေမကောင်းသေးတော့ဆန်ပြုတ်လေးပဲသောက်လိုက်အုန်းနော် အမေထမင်းမြန်မြန်စားချင်ရင်မြန်မြန်နေကောင်းအောင်လုပ်"

"နင်ငါ့ကိုအမေလို့မခေါ်စမ်းပါနဲ့ နင်ငါ့သမီးမဟုတ်ဘူး!!"

ဆန်ပြုတ်ကိုင်ထားတဲ့သုတရဲ့လက်တွေတင်းကျပ်သွားခဲ့ပြီးမျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်လာခဲ့၏ သိသိသာသာငြိမ်ကျသွားပြီးမှဘာမှမဖြစ်သလိုဒေါ်သွန်းရွှေရည်ကိုပြုံးရင်မော့ကြည့်သည်။

အမြွှာဖူးစာ(Gl)Où les histoires vivent. Découvrez maintenant