𝐏𝐚𝐫𝐭.14

1.3K 117 5
                                    

Unicode

ညဘက်ရောက်တဲ့အထိထမင်းထွက်မစားတဲ့ရှေးအိပ်မက်ကြောင့်ရွှေလွှာစိတ်ညစ်ရသည်၊ညနေထဲကသူတစ်ယောက်ထဲနေပါစေဆိုပြီးရွှေလွှာအခန်းထဲတောင်မဝင်ခဲ့ပေ၊အင်္ကျီအဝတ်အစားတွေကိုလည်းအိမ်အကူတစ်ယောက်ကိုသာသွားယူခိုင်းလိုက်တာဖြစ်၏၊အိမ်အကူပြောတာကကုတင်ပေါ်မှာခွေအိပ်နေသည်တဲ့၊ညနေထဲကရွှေလွှာလည်းအခန်းထဲဝင်မသွားသလိုသူလည်းအခန်းထဲကထွက်မလာပေ၊အခုထမင်းစားမဲ့အချိန်တောင်ထွက်မလာတော့တဲ့အထိအရှက်သည်းလွန်းတဲ့သူကိုမှရွှေလွှာကစည်းကျော်မိတာဖြစ်၏၊စည်းကျော်တယ်ပြောရအောင်လည်းသူကရွှေလွှာ့တရားဝင်မိန်းမ။

"မမလေးဇနီးကိုသွားခေါ်လိုက်ရမလားဟင်"

အိမ်အကူတစ်ယောက်ရဲ့အပြောကိုရွှေလွှာခေါင်းခါပြလိုက်သည်၊‌နောက်ဆုံးမှရွှေလွှာကိုယ်တိုင်ပဲသွားခေါ်ရန်ထထွက်လာလိုက်၏၊အပြစ်လုပ်တယ်ဆိုရအောင်လည်းတသက်လုံးမထိတွေ့တော့မဲ့လူတွေလား၊ရှက်တာကိုလက်ခံပေမဲ့ရွှေလွှာကသူ့မိန်းမလေ..အခုလိုထမင်းမစားနိုင်တဲ့အထိအရှက်သည်းတာတော့လွန်တာပေါ့။

အခန်းရှေ့ရောက်တော့တံခါးသုံးချက်အရင်ခေါက်လိုက်သည်၊ပြီးမှတံခါးကိုတွန်းဖွင့်ဝင်လာရင်းကုတင်ပေါ်ကိုအကြည့်ရောက်တော့ရှေးအိပ်မက်ရှိမနေပေ၊ရေများချိုးသလားဆိုတဲ့အတွေးနဲ့ရေချိုးခန်းတံခါးကိုဖွင့်ကြည့်တော့လည်းမရှိ၊အိမ်သာတံခါးတွေကအစလိုက်ဖွင့်ကြည့်ပြီးသူမရှိတာသေချာမှရွှေလွှာခပ်မြန်မြန်ထွက်လာခဲ့လိုက်၏၊ရွှေလွှာကဒေါသထွက်နေပုံပေါ်ပြီးတောက်ခေါက်သည်..ဟိုဟာလည်းမဟုတ်ဒီဟာလည်းမဟုတ်နဲ့ပြာယာခတ်နေပြီးအလုပ်သမားတွေကိုလည်းခြံထဲဆင်းရှာခိုင်းလာ၏၊ပြီးမှအပေါ်ထပ်မှာအခန်းပိုတစ်ခုရှိတာကိုသတိရသည်၊ရှိနေမလားဆိုတဲ့အတွေးဝင်လာတော့ရွှေလွှာ့ခြေထောက်တွေကထိုအခန်းဆီကိုပြေးလာပြီးသားဖြစ်နေ၏။

အခန်းတံခါးကိုအလောတကြီးဆွဲဖွင့်လိုက်တော့ကုတင်ပေါ်ဘေးစောင်းအိပ်နေတဲ့ရှေးအိပ်မက်ကိုမြင်လိုက်ရသည်၊ထိုတော့မှရွှေလွှာကသက်ပြင်းချပြီးအခန်းထဲကိုအသာဝင်လာ၏၊ရွှေလွှာနဲ့မအိပ်ချင်၍ဒီအခန်းထဲကိုရွှေ့နေခဲ့ပုံရသည်၊ကုတင်တစ်ဖက်မှာဝင်ထိုင်လိုက်ပြီးအိပ်ပျော်နေသူကိုထိုင်ကြည့်နေမိ၏၊

အမြွှာဖူးစာ(Gl)Where stories live. Discover now