𝐏𝐚𝐫𝐭.27

1.1K 119 6
                                    

Unicode

အရင်ကစံအိမ်ကြီးကတိတ်ဆိတ်နေသလောက်အခုတော့ကလေးသံလေးတွေနဲ့ဆူညံနေသည် အိမ်အကူများစွာကလည်းသခင်ကြီးနဲ့သခင်မကြီးကိုကြည့်ပြီးပျော်နေကြလေ၏၊ကလေးလေးနှစ်ယောက်ရောက်လာပြီးကတည်းကသူတို့အားလုံးပျော်ရွှင်နေကြရသည် အမြွှာသမီးလေးရလိုက်တဲ့သခင်ကြီးနှင့်သခင်မကြီးဆိုရင်ဘယ်လောက်ဝမ်းသာလိုက်မလဲ။

"ကလေးတွေကချစ်ဖို့ကောင်းလိုက်တာနော်"

"အေးဟုတ်တယ် သခင်ကြီးနဲ့သခင်မကြီးဆိုဘယ်လောက်ချစ်လိုက်မလဲ"

ကလေးတွေကလသားအရွယ်ရောက်နေပြီမလို့တီတီတာတာလေးတွေမပြောတတ်ပေမဲ့ချစ်ဖို့ကောင်းလာ၏ ပြီးတော့သခင်မကြီးကသိပ်ကံကောင်းသည်၊ဒီလိုချစ်ဖို့ကောင်းတဲ့ကလေးလေးနှစ်ယောက်ကိုရလိုက်၍သိပ်ကိုကံကောင်းလွန်းသည်မလား။

ဒေါ်သွန်းရွှေရည်လက်ထဲမှာကလေးတစ်ယောက်ပွေ့ချီထားပြီယောက်ျားဖြစ်သူဆီမှာက‌လေးတယောက်ရှိနေ၏ သမီးလေးတွေကလသားအရွယ်ရောက်နေပြီမလို့သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်၊လူတိုင်းမရနိုင်တဲ့အရာကိုသူမကရခဲ့တာမလို့သိပ်ကံကောင်းလွန်းသည်ဟုထင်သည်။

"အစ်ကို သမီးလေးတွေကိုကြည့်ပါဦး သိပ်ချစ်စရာကောင်းတာပဲ"

"အင်း မင်းနဲ့တူလို့ချစ်ဖို့ကောင်းတာလေ"

ဒေါ်သွန်းရွှေရည်ကရှက်ပြုံးလေးပြုံး၍ခေါင်းငုံ့ချလိုက်လေ၏ သူမလက်ထဲကသမီးငယ်လေးကတော့ဘာကိုသဘောကျမှန်းမသိဘဲလှုပ်ရွနေသည်၊အရမ်းကိုတူလွန်းတဲ့ကလေးနှစ်ယောက်မို့အချစ်လည်းပိုရ၏။

"အစ်ကို ခရီးထွက်ရတော့မယ်ထင်တယ်"

"ဟင် ဘယ်တော့သွားရမှာလဲ"

"နှစ်ရက်သုံးရက်လောက်ဆိုသွားရတော့မှာ အလုပ်ကိစ္စကြောင့်ဆိုတော့မသွားလို့မရလောက်ဘူး"

ဒေါ်သွန်းရွှေရည်၏မျက်နှာမကောင်းတော့ချေ ကလေးတွေကလည်းလပိုင်းပဲရှိသေးတာမလို့ယောက်ျားဖြစ်သူကိုအနားမှာရှိနေစေချင်၏၊အခုလိုမျိုးခရီးသွားမယ်ပြောတော့တကယ်စိတ်ထဲမပျော်တော့ပေ အိမ်အကူတွေရှိပေမယ့်လည်းသူမရှိတော့ကလေးနှစ်ယောက်နဲ့အဆင်မပြေနိုင်ချေ၊ယောက်ျားဖြစ်သူကိုတွယ်တာသူမို့လို့ခွဲနိုင်မယ်လို့လဲမထင်မိ ပြီးတော့သမီးလေးတွေကလည်းသူ့အဖေကိုအရမ်းခင်တွယ်ကြသည်၊သူ့အဖေမရှိတာမြင်ရင်လဲတအီအီဖြစ်နေကြမှာ သူ့အဖေခဏပျောက်တာနဲ့သမီးငယ်လေးကငိုတော့တာပင်၊သမီးကြီးကတော့နို့တိုက်ရင်ငြိမ်သွားတာ‌မို့ကိစ္စမရှိပေမဲ့သမီးငယ်ကိုတော့အတော်ချော့ယူရမည်။

အမြွှာဖူးစာ(Gl)Where stories live. Discover now