𝐏𝐚𝐫𝐭.25

1K 120 8
                                    

Unicode

သုတကိုဆရာဝန်ကြီးကတွေ့ဖို့ခေါ်တာမို့မကောင်းတာတစ်ခုခုများရှိလို့လားဟုတွေးရင်းတကယ်စိတ်ပူနေမိသည် အမေတစ်ခုခုဖြစ်တာမျိုးတော့မဟုတ်ပါစေနဲ့ဟုအကြိမ်ကြိမ်ဆုတောင်းနေမိ၏၊ကြမ်းပြင်များကိုဆက်တိုက်နင်းဖြတ်လာရင်းနောက်ဆုံးတော့ဆရာဝန်ကြီးရဲ့နားနေခန်းကိုရောက်လို့လာသည်၊သုတသက်ပြင်းချ၍အခန်းထဲဝင်လာလိုက်တော့ဆရာဝန်ကြီးကမော့ကြည့်လာရင်းရှေ့ကခုံကိုလက်ညွှန်ပြသည်။

"ထိုင်ပါ"

"ဟုတ်ကဲ့ဒေါက်တာ ဟို အမေများတစ်ခုခုဖြစ်လို့လား"

သုတအမေးကြောင့်ဆရာဝန်ကြီးကနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီးခေါင်းခါပြ၏ ပြီးမှပန်းချီကတ်ပြားလေးတွေကိုယူလာပြီးသုတရှေ့မှာဝင်ထိုင်သည်၊စားပွဲပေါ်တင်လာတဲ့ပန်းချီကားတွေကိုကြည့်ပြီးသုတဆရာဝန်ကြီးကိုပြန်မော့ကြည့်မိသည် အမေတစ်ခုခုဖြစ်တာမဟုတ်ဘူးဆိုရင်သုတကိုဆရာဝန်ကြီးကဘာလို့ခေါ်တာလဲ။

"မေးစရာလေးတစ်ချို့ရှိနေလို့သုတရွှေရည်ကိုခေါ်လိုက်ရတာပါ သိတဲ့အတိုင်းဒေါ်‌သွန်းရွှေရည်ခံစားနေရတဲ့ဝေဒနာကအတိတ်မေ့တယ်ဆိုတာထက်ပိုဆိုးတယ်လေ စိတ်ရောဂါခံစားနေရတဲ့အဆင့်ဆိုတာတော့သုတရွှေရည်သိတယ်မလား"

"ဟုတ်ကဲ့ ကျွန်မသိပါတယ်"

"ဒါဆိုမေးတာလေးတွေကိုသိသလောက်ဖြေပေးနော်"

"ဟုတ်ကဲ့"

ဆရာဝန်ကြီးက စားပွဲပေါ်ကိုလက်တင်လာရင်းသုတကိုမော့ကြည့်လာသည် စိတ်ဆုံးဖြတ်မိလိုက်တာကမေးသမျှကိုသိသလောက်အကောင်းဆုံးဖြေမယ်ဆိုတာပင်၊အမေ့အတွက်ကောင်းကျိုးရှိတယ်ဆိုရင်သုတဘာမဆိုလုပ်မည် အမေ့ကိုအရင်လိုမြန်မြန်ပြန်ကောင်းစေချင်နေပြီမို့ဆုတောင်းနေဖို့သာတက်နိုင်၏၊အခုအမေကသုတက်ိုခါးခါးသီးသီးမဖြစ်တော့ပေမဲ့သမီးအဖြစ်သတ်မှတ်ထားတာမျိုးမဟုတ်ပေ အမေ့ရဲ့နွေးထွေးမှုတွေကိုခံစားလို့ရပေမဲ့သုတလိုချင်တဲ့မိခင်မေတ္တာမျိုးမဟုတ်။

"သုတရွှေရည်အနေနဲ့လဲသိမယ်ထင်ပါတယ် ဒေါ်သွန်းရွှေရည်ကသူ့မှာသမီးလေးနှစ်ယောက်ရှိတယ်လို့အမြဲပြောနေတာလေ"

အမြွှာဖူးစာ(Gl)Où les histoires vivent. Découvrez maintenant