𝐏𝐚𝐫𝐭.11

1.2K 132 4
                                    

Unicode

သုတကိုအခန်းဆီပြန်တွဲခေါ်လာတဲ့ထာဝဇဉ်ကအခန်းတံခါးကိုတွန်းဖွင့်ရာမှာသုတကိုလည်းထိန်းနေရသေး၍အဆင်မပြေဖြစ်နေရသည်၊သုတပုခုံးကိုထိန်းပေးထားတဲ့လက်ကိုဖြုတ်လိုက်ရင်လည်းချိနဲ့နေသူက လဲကျသွားမှာသေချာ၏၊သတိမရှိသလိုတအင်းအင်းဖြစ်နေတဲ့သူ့မျက်နှာကိုထာဝဇဥ်လက်တစ်ဖက်နဲ့ခပ်ဖွဖွထိတွေ့၍

"ခင်ဗျားခဏတောင့်ခံနိုင်မလား ကျုပ်တံခါးဖွင့်မလို့ခင်ဗျားကိုထိန်းမပေးတတ်ဘူး ကျုပ်ပေါ်ကိုမှီချလိုက်"

သုတမျက်လုံးတွေကလေးလေးပင်ပင်ပွင့်လာပြီးထာဝဇဉ့်ကိုကြည့်လာ၏၊ခုနကလိုတော့မုန်းတီးမှုတို့ရှိမနေတော့ချေ...ထာဝဇဉ်ရပ်နေတုန်းမှာပဲသုတခေါင်းလေးကပုခုံးပေါ်ပြိုကျလာပြီးတစ်ကိုယ်လုံးကိုအားပြုမှီချလာ၏၊ထိုတော့မှထာဝဇဉ်လဲတံခါးကိုသေချာတွန်းဖွင့်လိုက်သည်၊သုတကိုကုတင်ပေါ်အသာထိုင်ချစေလိုက်ရင်းခေါင်းအုံးကိုဆွဲ၍အသာအိပ်စေလိုက်သည်၊သွေးတွေစိုရွှဲနေတဲ့သူ့ကိုကြည့်ပြီးထာဝဇဉ်သက်ပြင်းသဲ့သဲ့ချလိုက်မိ၏။

"နာကျင်ရမယ်မှန်းသိရက်နဲ့ဘာလို့ဆက်ပြီးဖုံးကွယ်နေလဲကျုပ်နားမလည်တော့ဘူး"

ထာဝဇဉ်တစ်ယောက်ထဲတီးတိုးရေရွတ်၍သုတမျက်နှာပေါ်ကသွေးတွေကိုသုပ်ရန်အတွက်ရေဖလားတစ်လုံးသွားယူလိုက်သည်၊ရေဖလားထဲကိုလက်ကိုင်ပုဝါလေးထည့်ကာသုတဆီကိုပြန်လျှောက်လာတော့သူကတအင်းအင်းနဲ့ကုတင်‌ပေါ်မှာလူးလိမ့်နေ၏၊တော်ရုံနာကျင်မှုမဟုတ်၍ထာဝဇဉ်ကိုယ်ချင်းစာသလိုလိုရှိသည်။

"ခဏသည်းခံနော်"

သုတရဲ့မျက်နှာကသွေးတွေကိုထာဝဇဉ်ကရေစိုဝတ်နဲ့သေချာသုပ်ပေးလာခဲ့လျှင်သုတ၏ညည်းညူသံသဲ့သဲ့ထွက်ပေါ်လာ၏၊နာကျင်သွားပုံရတဲ့သုတကထာဝဇဉ့်လက်ကိုဖြတ်ခနဲဆုပ်ကိုင်၍တားလာခဲ့သည်၊မျက်လုံးတို့ကထာဝဇဉ့်ကိုစိုက်ကြည့်လာရင်းတဖြည်းဖြည်းအလိုမကျသလိုမျက်ခုံးတို့ကိုတွန့်ချိုးပစ်၏၊

"ထွက်သွား!"

"ခေါင်းမာမနေနဲ့ခင်ဗျား ဒီတိုင်းနေနေရင်သေသွားလိမ့်မယ်"

အမြွှာဖူးစာ(Gl)Hikayelerin yaşadığı yer. Şimdi keşfedin