𝐏𝐚𝐫𝐭.4

1.2K 132 6
                                    

Unicode

ရွှေလွှာ့ဆီကိုမနေ့ကပဲဖိတ်စာတစ်ခုရောက်လာသည်၊မင်္ဂလာပွဲဖိတ်စာတော့မဟုတ်ပေ...အခုဟာကအသုဘဖိတ်စာဖြစ်၏၊ရွှေလွှာကငမွဲမှန်းတစ်ရပ်ကွက်လုံးသိတာကြောင့်မင်္ဂလာပွဲဆိုရင်တစ်ယောက်မှလာမဖိတ်ကြပေ..ဘာလို့ဆို လက်မဖွဲ့နိုင်မှန်းသိလို့ဖြစ်သည်၊အခုလိုအိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီဆိုတည်းကအသုဘဖိတ်စာဖြစ်လို့သာပင်၊ဒါကြောင့်ဒီနေ့ထိုအိမ်ကိုရွှေလွှာသွားဖို့ဆုံးဖြတ်ထား၏...အခုသေသွားတဲ့အဖွားကြီးကရွှေလွှာ့အဖွားနဲ့အတော်အသင့်ရင်းနှီးတာမို့မသွားလို့မကောင်းပေ။

အိမ်တံခါးကိုသော့သေချာပိတ်ခဲ့ပြီးရွှေလွှာကိစ္စအိမ်သို့ခြေလှည့်ခဲ့သည်၊အသုဘအိမ်ကမိသားစုတွေဖြစ်နေမဲ့ခံစားချက်ကိုရွှေလွှာကောင်းကောင်းနားလည်၏၊ဘာလို့ဆိုကိုယ်ချစ်ရတဲ့လူတွေကိုဆုံးရှုံးရတဲ့ခံစားချက်ကသိပ်ဆိုးမှန်းရွှေလွှာကြုံခဲ့ပြီးပြီမို့သူတို့ကိုနားလည်သည်၊ဒါကြောင့်မို့ပဲသူတို့‌ဆီကိုရောက်အောင်သွားချင်ခဲ့တာဖြစ်၏၊ကိုယ်ကဘာမှမလုပ်ပေးနိုင်ပေမဲ့တစ်ဖက်လူအတွက်အားဖြစ်စေမဲ့စကားလုံးတွေကိုတော့ပြောပေးနိုင်ပါသေးသည်။

ရွှေလွှာအိမ်ထဲဝင်လာတော့ငိုသံခပ်သဲ့သဲ့ကိုအရင်ဆုံးကြားလိုက်ရပြီးလူတစ်ချို့ရဲ့အကြည့်ကိုပါရရှိလိုက်၏၊မိခင်၏အလောင်းကိုဖက်၍ငိုကျွေးနေတဲ့မိန်းကလေးကိုရွှေလွှာဒီတိုင်းစိုက်ကြည့်နေမိခဲ့သည်၊အမေ...ရွှေလွှာ့မှာလည်းအမေဆိုတာရှိခဲ့မှာပဲ၊သို့ပေမဲ့အမေဆိုတာဘာမှန်းမသိခဲ့ရသလိုအဖေဆိုတာလည်းဘယ်လိုလူမျိုးမှန်းမသိခဲ့ရ၊မိဘမဲ့ဆိုတဲ့စကားကသာအရွယ်ရောက်လာတည်းကကြားခဲ့ရခြင်းဖြစ်၏၊ရွှေလွှာကအထက်တန်းစရိုက်နဲ့အညီမွေးဖွားလာတာမဟုတ်လို့ရိုင်းတဲ့အပြင်ခပ်ညစ်ညစ်ပုံစံလည်းရှိသည်၊ပြီးတော့အညှိုးအတေးကြီးတဲ့အထဲလည်းပါ၏၊နာကျည်းမိပြီဆိုရင်အဲ့လူကိုဆိုးဆိုးဝါးဝါးဖြစ်သွားအောင်အထိဒုက္ခပြန်ပေးချင်တဲ့စရိုက်ရှိသည်၊ဒီကမ္ဘာမှာရွှေလွှာစိတ်ရင်းနဲ့ဆက်ဆံပေးတဲ့အရာနှစ်ခုသာရှိ၏။

အမြွှာဖူးစာ(Gl)Donde viven las historias. Descúbrelo ahora