Unicode
[Warningအခန်းပါတယ်နော် အသုံးအနှုန်းတွေကအရင်အခန်းတွေထက်ပွင့်လင်းမှာမလို့မဖတ်ချင်တဲ့လူတွေအတွက်ကြိုတင်အသိပေးတာပါ ဖတ်ပြီးတော့မှဘာဖြစ်တယ်ညာဖြစ်တယ် မပြောကြပါနဲ့]
.. ..
ရှေးအိပ်မက်အခန်းထဲကထွက်လာလိုက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည် မနေ့ညကတော်တော်နဲ့အိပ်မပျော်တာမို့မနက်အိပ်ရာထအနည်းငယ်နောက်ကျသွားခဲ့သည်၊ရှေးအိပ်မက်ဆင်းလာတော့အမေဖြစ်သူကဧည့်ခန်းထဲကနေအကဲခတ်သလိုကြည့်လာသည် ရှေးအိပ်မက်သက်ပြင်းချ၍မီးဖိုချောင်ထဲဝင်လာခဲ့လိုက်၏၊အဲ့လိုစောင့်ကြည့်ခံနေရတာမျိုးကိုရှေးအိပ်မက်မကြိုက်ပေ အမေနဲ့အဖေကရှေးအိပ်မက်ကိုသိပ်ပြီးအစိုးရိမ်လွန်နေတာပင်၊သူနဲ့ပြန်ဆက်သွယ်မှာကိုအဲ့လောက်ထိစိုးရိမ်နေကြတာမြင်တော့စိတ်ထဲလဲမကောင်း။"မမလေး မနက်စာစားတော့မလား"
"အင်း"
ခုံမှာဝင်ထိုင်လိုက်တော့အိမ်အကူတွေကရှေးအိပ်မက်မနက်စာစားဖို့အတွက်ပြင်ဆင်ပေးသည် မျက်စိရှေ့ရောက်လာတဲ့ပေါင်မုန့်နဲ့ကော်ဖီကိုမစားချင်လဲကြိတ်မှိတ်စားလိုက်ရ၏၊ရှေးအိပ်မက်စိတ်အတိုင်းသာဆိုဘာကိုမှစားမှာမဟုတ်ချေ ဘာကိုမှလဲမစားချင်တာကြောင့်။
"စားရတာအဆင်မပြေလို့လားမမလေး"
"မဟုတ်ပါဘူး ငါရင်ပြည့်နေလို့ သိမ်းလိုက်တော့နော်"
"ဟုတ်ကဲ့"
ဧည့်ခန်းထဲမှာထိုင်နေတဲ့အမေဖြစ်သူကိုတစ်ချက်ကြည့်၍ရှေးအိပ်မက်အခန်းဆီကိုသာပြန်တက်ခဲ့လိုက်သည် အောက်မှာနေတော့လဲစောင့်ကြည့်ခံနေရတဲ့အခြေအနေမို့မွန်းကြပ်လှ၏၊ဒါကြောင့်ကိုယ့်အခန်းမှာပဲပြန်နေတော့မည်။
အိပ်ရာနိုးတုန်းကရေတစ်ခါတည်းချိုးလိုက်တာဖြစ်၍အနည်းငယ်တော့လန်းဆန်းမှုရှိသည် သို့ပေမဲ့လဲစိတ်သွားတိုင်းကိုယ်မပါတော့လူကငေးငေးငိုင်ငိုင်ရယ်။
ကုတင်ပေါ်လှဲအိပ်လိုက်ပြီးမျက်လုံးတို့ကိုမှိတ်ထားလိုက်သည် အသိစိတ်ရှိနေရင်သူ့ကိုလွမ်းရလွန်းလို့အမြဲအိပ်သာနေချင်တော့သည်၊အရာအားလုံးပြီးဆုံးသွားပြီကိုရှေးအိပ်မက်ကမမေ့နိုင်သေးတာပင် သူလဲရှေးအိပ်မက်ရဲ့အဝေးကိုထွက်သွားပြီပဲ မေ့ပစ်လိုက်ဖို့အကြောင်းပြချက်တွေလဲခိုင်လုံနေခဲ့တာပဲ၊ဒါပေမဲ့ဘာလို့မေ့လို့မရလဲမသိပေ၊ရှေးအိပ်မက်အပေါ်သူလုပ်ခဲ့တဲ့လုပ်ရပ်တွေကနာကျည်းဖို့လုံလောက်ပေမဲ့မနာကျည်းနိုင်တာကဘာကြောင့်များလဲ၊သူနဲ့ဝေးသွားတဲ့နေ့ကစပြီးတစ်ရက်မှသတိမရပဲမနေချေ ဘာပဲလုပ်လုပ်သူ့အကြောင်းကိုပဲတွေးမိနေတာမျိုး။
![](https://img.wattpad.com/cover/345722165-288-k629265.jpg)
STAI LEGGENDO
အမြွှာဖူးစာ(Gl)
Storie d'amoreငယ်ငယ်ထဲကကွဲကွာသွားခဲ့ကြတဲ့အမြွှာညီအစ်မနှစ်ယောက်၊စိတ်ချင်းဆက်နေတာမို့တစ်ယောက်ရယ်ရင်ရယ်ချင်ပြီးတစ်ယောက်ငိုရင်အလိုလိုလိုက်ငိုချင်နေလေသည်။ ခွဲမရအောင်တူလွန်းတဲ့မျက်နှာတွေကြောင့်ဘယ်လိုအလွဲအမှားတွေနဲ့ရယ်စရာဖြစ်ရပ်တွေဖြစ်လာမလည်း၊သူတို့ရဲ့ဖူးစာရှင်တွေကရောဘယ...