𝐏𝐚𝐫𝐭.26

1K 128 4
                                    

Unicode

သုတအိပ်ပျော်နေတဲ့အမေဖြစ်သူကိုတိတ်တိတ်ဆိတ်ဆိတ်သာထိုင်ကြည့်နေမိ၏ သုတလက်ကိုလဲမလွှတ်တမ်းဆုပ်ကိုင်ထားသေးသည်၊အမေဘာတွေကိုကြောက်နေလဲမသိပေမဲ့ဟိုနေ့ကကိစ္စပြီးတည်းကသုတကိုမျက်စိအောက်ကအပျောက်မခံပေ ဒါကြောင့်ရဲစခန်းကိုတောင်မရောက်ဖြစ်သေး။

ယွန်းမေကအိမ်မှာချက်ပြုတ်ပြီးမှဆေးရုံကိုလာတာဖြစ်သည် သုတလဲယွန်းမေလာမှသွားဖို့တွေးထား၏၊အမေ့ကိုတစ်ယောက်ထဲလဲမထားခဲ့နိုင်ချေ ယွန်းမေလာရင်တော့စိတ်ချလို့ရပါပြီ။

"တကယ်ပဲအဲ့ကိစ္စတွေကိုသူလုပ်ခဲ့တာဆိုရင်ကျိန်းသေအပြစ်ပေးမှာပါအမေ အခုလဲသူပြေးမလွတ်တော့ပါဘူး"

သုတရဲ့စကားသံကိုအိပ်ပျော်နေတဲ့ဒေါ်သွန်းရွှေရည်တော့ကြားနိုင်မယ်မထင်ပေ သုတအမေ့လက်လေးကိုပါးမှာကပ်လိုက်ရင်းမျက်လုံးတို့ကိုမှိတ်ချလိုက်၏၊ဘာကြောင့်လဲ သူ့ကိုအပြစ်ပေးနိုင်တော့မှာကိုကျေနပ်ရမဲ့အစားဘာလို့ရင်ဘတ်ထဲကစူးစူးနစ်နစ်နာကျင်ရသနည်း၊ပြီးတော့အလိုလိုဝမ်းနည်းပြီးမျက်ရည်တွေကျလာတာကရော သုတတကယ်စိတ်ရှုပ်ထွေးနေခဲ့၏ လမ်းပျောက်နေတဲ့သုတဘေးမှာဘယ်သူမှမရှိချေ၊ဒီအချိန်မှာအရာရာကိုဆုံးဖြတ်ချက်ချရတာကသုတကိုယ်တိုင်သာဖြစ်ပြီးအရာအားလုံးရဲ့ဒဏ်ကိုတစ်ယောက်ထဲသာနင့်နေအောင်ခံရ၏၊ဒီလိုရှုပ်ထွေးနေတာတွေကဘယ်တော့မှပြီးဆုံးမှာပါလိမ့် အကယ်၍ပြီးဆုံးသွားတဲ့နေ့ကျရင်ရော သုတဘေးကိုသူမပြန်ရောက်လာပါဦးမလား။

မဖြစ်နိုင်တော့ဘူးထင်သည် သူကပြန်မလာတော့မဲ့လမ်းကိုထွက်သွားတာ သုတဆီကိုဘယ်တော့မှပြန်လာလို့ရမည်မဟုတ်တော့ပေ၊သုတသူမကိုထားခဲ့ပြီးထွက်လာတုန်းကတစ်နေ့ကျရင်သူမဆီကိုကျိန်းသေပြန်သွားမယ်လို့တွေးထားခဲ့သည်၊ဒါပေမဲ့သူမကတော့သုတဆီပြန်လာမယ်လို့မတွေးတော့ပဲအပြီးထွက်သွားခဲ့တာထင်၏ ဖြစ်နိုင်ရင်သူမကိုပြန်လိုချင်သည်။

ဒါကရူးကြောင်ကြောင်အတွေးတစ်ခုဆိုပေမဲ့သုတမျှော်လင့်နေမိတဲ့အရာပင် ပြီးတော့အဖေ့ကိုရောပြန်လာစေချင်၏၊အမေနေမကောင်းဘူးမို့အဖေပြန်လာရင်ကောင်းမည်။

အမြွှာဖူးစာ(Gl)Donde viven las historias. Descúbrelo ahora