𝐏𝐚𝐫𝐭.8

1K 115 4
                                    

Unicode

ကုတင်ပေါ်ထိုင်နေရင်းကနေရွှေလွှာအိပ်ပျော်သွားတာအခန်းထဲတစ်ယောက်ယောက်ဝင်လာမှလန့်နိုးလာခဲ့သည်၊နဂိုတည်းကသတိရှိတဲ့သူမို့လူစိမ်းဝင်လာတာနဲ့ချက်ချင်းအလိုအလျောက်တုန့်ပြန်မိတာဖြစ်၏၊ဇတ်ခနဲထထိုင်လာတဲ့ရွှေလွှာ့ကိုဒေါ်သွန်းရွှေရည်နဲ့အတူပါလာတဲ့ရှေးအိပ်မက်ကမျက်လုံးဝိုင်းလေးများနဲ့ကြည့်လာခဲ့သည်၊ရွှေလွှာလည်းသူမကိုပြုံးပြလိုက်မိသည်..ထိုမိန်းကလေးဘယ်သူလဲဆိုတာမသိပေမဲ့ဒီအိမ်မှာနေသ၍တော့ရင်းနှီးထားသင့်တယ်ထင်တာကြောင့်။

ရှေးအိပ်မက်မှာမိမိကိုစိတ်လိုလက်ရပြုံးပြလာတဲ့သုတကိုကြည့်ပြီးတကယ်အံ့ဩမိသည်၊မာနကြီးတဲ့သုတရွှေရည်ကဟန်ဆောင်ဖို့အတွက်နဲ့သူကြည့်မရပါဘူးဆိုတဲ့ရှေးအိပ်မက်ကိုတောင်လိုလိုလားလားပြုံးပြနေသည်၊ဘာလုပ်ရမှန်းမသိတာမို့ခေါင်းငြိမ့်၍သာအသိအမှတ်ပြုလိုက်မိ၏၊အခုချိန်မှာရှေးအိပ်မက်စိတ်ပျော်နေသည်လို့ပြောလို့ရသည်၊သုတရွှေရည်နဲ့ရှေးအိပ်မက်ရဲ့စေ့စပ်ပွဲကိုလူကြီးတွေပြန်စဉ်းစားနေကြပြီဖြစ်၏၊သုတရွှေရည်ထွက်ပြေးသွားတဲ့ကိစ္စကြောင့်အတော်လေးလန့်သွားကြတယ်ထင်သည်၊အတင်းအကျပ်စီစဉ်တာမျိုးမလုပ်တော့တာမို့ရှေးအိပ်မက်စိတ်အေးနေရသည်၊ရှေးအိပ်မက်လည်းသုတရွှေရည်ကိုမချစ်တာမို့စေ့စပ်ဖို့ကိစ္စကိုရင်လေးနေခဲ့တာ။

"ထမင်းစား"

ရွှေလွှာကဒေါ်သွန်းရွှေရည်ကိုပြူးပြူးလေးမော့ကြည့်သည်၊လက်ထဲကထမင်းဗန်းကိုယူပြီးတစ်ခုခုပြောချင်သလိုနှုတ်ခမ်းကိုလျှာနဲ့အကြိမ်ကြိမ်သပ်နေ၏၊ခဏလောက်ကြာမှဒေါ်သွန်းရွှေရည်ကိုမော့ကြည့်လာရင်း

"အမေလား"

‌ရွှေလွှာ့အမေးကြောင့်‌ဒေါ်သွန်းရွှေရည်ရဲ့မျက်နှာကစိတ်မရှည်သလိုဖြစ်သွား၏၊ရွှေလွှာလည်းရုတ်တရက်ဆိုတော့ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတာပင်၊ဒီအမျိုးသမီးကြီးကသုတဆိုတဲ့မိန်းကလေးရဲ့အမေဖြစ်နိုင်သည်။

"ဘာလဲ..! ကိုယ့်အမေကိုတောင်မမှတ်မိတော့ဘူးလို့ပြောမလို့လား"

အမြွှာဖူးစာ(Gl)Tempat cerita menjadi hidup. Temukan sekarang