𝐏𝐚𝐫𝐭.10

1.2K 112 4
                                    

Unicode

ပစ္စည်းတွေကိုကိုယ်တိုင်ရွေးချယ်နေတဲ့ဒေါ်သွန်းရွှေရည်နောက်ကိုရွှေလွှာလိုက်နေရရင်းဘေးမှာခေါင်းလေးငုံ့ရပ်နေတဲ့တစ်ယောက်သောသူကိုစောင်းငဲ့ကြည့်လိုက်မိသည်၊ခြေထောက်မှာတစ်ခုခုရှိနေတဲ့အလားထိုအောက်ကိုပဲစိုက်ကြည့်နေပြီးယောင်လို့တောက်မော့မလာချေ၊ဘာရယ်မဟုတ် ရွှေလွှာပြုံးလိုက်ရင်းဒေါ်သွန်းရွှေရည်ကိုပြန်ကြည့်နေလိုက်၏။

ဒေါ်သွန်းရွှေရည်ကဈေးဝယ်ထွက်မယ်ဆိုကာရွှေလွှာနဲ့ရှေးအိပ်မက်ကိုခေါ်လာတာဖြစ်သည်၊တစ်ခါတစ်ခါဆိုရင်လည်းဒီအင်္ကျီလေးကရွှေလွှာနဲ့လိုက်တယ်ဟုပြောကာဝယ်ပေးတတ်သေးသည်၊ဒီလိုပဲရှေးအိပ်မက်အတွက်လည်းကိုယ်တိုင်ရွေးချယ်ပြီးဝယ်ပေး၏၊အထုပ်ပေါင်းစုံကရွှေလွှာ့လက်ထဲပြည့်လို့နေသည်။

"ရှေ့ကိုကြည့်လျှောက်"

ရွှေလွှာ့အသံကြားမှသူမကခေါင်းလေးမော့လာသည်၊အကြည့်ချင်းလည်းအဆုံမခံပဲပြောရင်ပြောတဲ့အတိုင်းရှေ့ကိုသာကြည့်လျှောက်နေ၏၊ဒေါ်သွန်းရွှေရည်ကဝယ်စရာရှိတာတွေဝယ်ပြီးသွားတော့တစ်ခုခုစားကြမယ်ဆိုကာဟော့ပေါ့ဆိုင်ကိုချီတက်သည်၊သုံးယောက်သားဟော့ပေါ့ဆိုင်ကိုရောက်တော့စားပွဲတစ်ခုမှာဝင်ထိုင်၍အစားအသောက်တို့ကိုမှာသည်။

"မင်္ဂလာပွဲ‌နီးနေပြီနော်ကျန်းမာရေးဂရုစိုက်ကြဦး ပြီးတော့သမီးတို့မင်္ဂလာဆောင်ပြီးရင်ခရီးထွက်ဖို့လည်းစီစဉ်ပေးထားတယ် သမီးရှေးအိပ်မက်ရောဘယ်လိုသဘောရလဲ သွားချင်တဲ့နေရာရှိလား"

"အာ အဲ့လိုမျိုးတော့မရှိပါဘူးအန်တီ"

ရှေးအိပ်မက်လွယ်လွယ်ကူကူသာဖြေပြီးဘေးကလူကိုစောင်းငဲ့ကြည့်တော့သူကရှေးအိပ်မက်ကိုပြန်လည်ကြည့်နေသည်၊ရှေးအိပ်မက်နဲ့မင်္ဂလာဆောင်ရမှာကိုသုတရွှေရည်ကတကယ်ကြီးပျော်နေတာထင်သည်၊ဒါဆိုရှေးအိပ်မက်ကရော..ပျော်နေတာလား၊

ပျော်နေတာမဟုတ်ရင်တောင်ခါးခါးသီးသီးမဖြစ်တော့တာကိုတော့ကိုယ့်ကိုကိုယ်သတိထားမိ၏။

"မင်းစိတ်ကူးထဲမှာသွားချင်တဲ့နေရာမရှိဘူးလား"

"ရှင်"

အမြွှာဖူးစာ(Gl)Donde viven las historias. Descúbrelo ahora