𝐏𝐚𝐫𝐭.15

1.2K 130 3
                                    

Unicode

ရှေးအိပ်မက်အခန်းဆီကိုခပ်မြန်မြန်တက်လာလိုက်ပြီးတံခါးကိုချက်ချင်းဆွဲပိတ်လိုက်ပေမဲ့တစ်စုံတစ်ရာ၏တားဆီးခြင်းခံလိုက်ရသည်၊သူအခန်းထဲဝင်လာမှာစိုး‌၍အထဲကတံခါးလော့ချမယ်လုပ်ထားမှနောက်ကနေအတင်းလိုက်လာသူကြောင့်အချိန်မမီလိုက်၊ရွှေလွှာကတံခါးကိုဆွဲဖွင့်ပြီးစူပုတ်ပုတ်ရှိနေတဲ့ရှေးအိပ်မက်ကိုစိုက်ကြည့်လာသည်၊မျက်နှာတင်းမာနေတာမျိုးလည်းမဟုတ်ပဲပုံမှန်ထက်တည်နေ၏၊ရုတ်တရက်ပဲရှေးအိပ်မက်အနားကိုခြေလှမ်းကြဲများနဲ့လျှောက်လာပြီးခါးကနေဆွဲဖက်သည်၊သူ့ကိုယ်ကြီးဆီကိုအင့်ခနဲပစ်ဝင်သွားတော့ခပ်တင်းတင်းဖက်ပြီးအပေါ်မှငုံ့ကြည့်လာသည်၊ရှေးအိပ်မက်သူ့ရင်ဘတ်ကြီးကိုအတင်းတွန်းထုတ်တော့နှုတ်ခမ်းတစ်ဖက်ကိုတွန့်ပြုံးပြလာ၏။

"မင်းသိပ်ခေါင်းမာတယ်"

"ဖယ်ပေး မထိနဲ့"

"မထိလို့ရမလား ထိချင်လွန်းလို့ယူထားတာလေ"

ရှေးအိပ်မက်မျက်နှာလေးကချက်ချင်းရဲတက်သွားပြီးရွှေလွှာ့လက်ထဲကနေအတင်းရုန်းသည်၊သို့ပေမဲ့အားသန်လွန်းလှတဲ့ရွှေလွှာ့လက်ထဲကနေမလွတ်သလိုရင်ခွင်ထဲကနေလည်းထွက်လို့မရ၊ရွှေလွှာကအပေါ်စီးမှမြင်နေရသောရှေးအိပ်မက်ပါးလေးကိုခပ်ကြမ်းကြမ်းဖိနမ်းလာသည်၊အနမ်းခံရတာကိုမကြိုက်သလိုအတင်းငြင်းဆန်နေတဲ့ရှေးအိပ်မက်ကိုလည်းခပ်တည်တည်ကြည့်နေ၏။

"ဘာလို့ဒီအခန်းမှာဆက်နေ နေသေးတာလဲ ငါတို့အခန်းကိုပြန်မယ်"

"မပြန်ဘူး! ရှင်နဲ့မနေချင်လို့ဒီမှာနေတာ အဲ့ဒါကိုဘာလို့ညတိုင်းလာအိပ်နေတာလဲ"

"အေးလေ ငါမင်းနဲ့ဒီမှာညတိုင်းလာအိပ်နေတာပဲမို့ဟိုအခန်းကိုပြောင်းမယ် အတူတူအိပ်တာကအိပ်တာပဲ မင်းငါ့ကိုငြင်းဆန်လို့မရဘူး ငါကမင်းရဲ့အိမ်ထောင်ဦးစီး မင်းငါ့စကားကိုနားထောင်ရမယ် သွားမယ်လာ"

"ဟင့်အင်း မလိုက်ဘူး"

အတင်းရုန်းနေတဲ့ရှေးအိပ်မက်ကရွှေလွှာ့ရင်ဘတ်ကိုတဘုန်းဘုန်းနဲ့ထုရိုက်လာ၏၊ထိုလက်တွေကိုဖမ်းဆုပ်ပြီးရွှေလွှာဆွဲခေါ်သွားတော့အကြောက်အကန်ငြင်းသည်၊ရှေးအိပ်မက်ခါးပေါ်မှာရှိနေတဲ့ရွှေလွှာ့လက်တစ်ဖက်ကလည်းပိုမိုတင်းကျပ်လာရ၏၊ဘယ်လိုဆွဲခေါ်ခေါ်မလိုက်ဘူးဟုငြင်းပြီးအတင်းရုန်းနေတာမို့ရွှေလွှာ့မျက်နှာကတင်းမာနေချေပြီ။

အမြွှာဖူးစာ(Gl)Hikayelerin yaşadığı yer. Şimdi keşfedin