𝐏𝐚𝐫𝐭.16

1K 118 2
                                    

Unicode

ရှေးအိပ်မက်မနက်ခင်းနိုးလာတော့ကုတင်ပေါ်မှာသူမရှိတော့ပေ..အရင်နေ့တွေကဆိုရှေးအိပ်မက်သူ့ထက်အရင်နိုးနေကြ..ဒီနေ့ကျမှရှေးအိပ်မက်ပဲအိပ်ရာထနောက်ကျသွားတာလား ဒါမှမဟုတ်သူပဲအစောကြီးထသွားတာလားတော့မသိတတ်ပေ၊ကုတင်ပေါ်ကဖြန့်ရက်သားရှိနေတဲ့စောင်တွေကိုသေချာပြန်ခေါက်ပြီးသိမ်းနေလိုက်၏၊ဒါတွေကအိမ်အကူတွေကိုလုပ်ခိုင်းလို့ရပေမဲ့သူတို့ကိုနေရာတကာလိုက်မခိုင်းချင်ပေ..ကိုယ်လုပ်လို့ရတဲ့အလုပ်ဆိုရင်ရှေးအိပ်မက်ကိုယ်တိုင်သာလုပ်လိုက်တာများသည်။

ရေချိုးသန့်စင်ပြီးတော့မှအိမ်အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်၊အိမ်အကူတွေကလှေကားဘက်အရင်းမှာရှိနေကြသည်၊ရှေးအိပ်မက်ဆင်းလာတာမြင်တော့အိမ်အကူခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့မိန်းကလေးကအနားတိုးကပ်လာသည်။

"မနက်စာအဆင်သင့်ဖြစ်ပါပြီရှင့်"

"ဟုတ်ပြီ"

ရှေးအိပ်မက်မီး‌ဖိုချောင်ထဲဝင်သွားတော့ခင်းကျင်းပြင်ဆင်ထားတဲ့ဟင်းပွဲတွေကိုမြင်ရသည်၊ခုံမှာဝင်ထိုင်လိုက်ရင်းဘေးကခုံအလွတ်ကိုလည်းတစ်ချက်ကြည့်လိုက်မိ၏၊မီးဖိုချောင်ထဲမှာလည်းမရှိဘူးဆိုတော့ရှေးအိပ်မက်ကိုအသိမပေးပဲဘယ်ကိုသွားနေလဲမသိပေ။

"သူရော"

"ရှင် ဘာကိုပြောတာလဲမသိဘူး"

"မင်းတို့မမလေးကိုမေးနေတာ"

"ဪ မမလေးသုတကမနက်ကပဲအပြင်သွားစရာရှိလို့ဆိုပြီးပြောသွားပါတယ် ပြီးတော့ညမိုးချုပ်လိမ့်မယ်တဲ့ မမလေးကအသိပေးသွားမလို့လုပ်ပါသေးတယ် အစ်မအိပ်နေတာနဲ့မနှိုးသွားတာနေမှာပါ"

"ညမိုးချုပ်မှပြန်ရောက်မှာလား!"

ကောင်မလေးကခေါင်းငြိမ့်ပြလာတာမို့ရှေးအိပ်မက်သက်ပြင်းချလိုက်မိသည်၊စားလက်စမနက်စာကိုလည်းစားချင်စိတ်မရှိတော့..ကိုယ့်ကိုအသိမပေးရလောက်တဲ့အထိဘာတွေကအရေးကြီးနေမှန်းမသိပေ၊တစ်ခုခုဆိုရှေးအိပ်မက်ကသူ့မိန်းမ သူ့ဇနီးဆိုတဲ့အကြောင်းပြချက်နဲ့ပဲအကြောင်းပြနေပြီးအခုလိုသူအပြင်ထွက်တာကျတော့မိန်းမဖြစ်သူကိုအသိပေးသွားမယ်မရှိ။

အမြွှာဖူးစာ(Gl)Hikayelerin yaşadığı yer. Şimdi keşfedin