𝐏𝐚𝐫𝐭.9

1K 124 1
                                    

Unicode

ရှေ့ကတစ်ယောက်ရဲ့နောက်ကိုအမြန်ပြေးလိုက်နေရင်းကနေထာဝဇဉ်တောက်ခေါက်လိုက်မိ၏၊သေချင်လို့တောထဲကိုမဆင်မခြင်ပြေးဝင်သွားတာထင်သည်..ဒီနေရာကတောဆိုပေမဲ့ခိုင်ခန့်တဲ့ခြံစည်းရိုးတွေနဲ့ပတ်လည်ဝိုင်း၍အထဲမှာအန္တရာယ်ရှိသားကောင်တွေမွေးမြူထားတာဖြစ်သည်၊အစ်ကိုဖြစ်သူကလိုအပ်လာရင်အသုံးချဖို့အတွက်သားကောင်တွေမွေးထားတာဖြစ်ပြီးဒီထဲကိုဘယ်သူ့ကိုမှမဝင်ခိုင်းပေ၊ဝင်တဲ့သူတွေကလည်းထိုသားကောင်တွေလက်ထဲကနေအသက်လုပြေးရတာမို့ကြောက်လန့်ကြရ၏၊ဒါကြောင့်ဘယ်သူမှမဝင်စေရန်ကန့်သတ်ထားတာဖြစ်သည်၊ဒါကိုဒီတစ်ယောက်ကဘာမသိညာမသိနဲ့ထွက်ပြေးလာတာပင်၊လာတဲ့လမ်းမှာကန့်သတ်နေရာဆိုပြီးရေးထားတဲ့စာကိုမမြင်ရလောက်အောင်ထွက်ပြေးဖို့ကိုအတော်လေးအားစိုက်ထားပုံရသည်၊ထာဝဇဉ်လည်းဒီအသိမရှိတဲ့လူနောက်ကိုလိုက်လာချင်လို့လိုက်လာတာမဟုတ်ပေ..သူသေသွားရင်စိန်တွေဘယ်မှာရှိလဲဆိုတာကိုမသိတော့မှာစိုး၍သာလိုက်လာခဲ့ရတာဖြစ်၏။

"ခင်ဗျားအခုချက်ချင်းရပ်နေလို့ပြောနေတယ်လေ ခင်ဗျားသေချင်နေတာလား"

ထာဝဇဉ်ဘယ်လောက်အော်အော်သုတကပြေးနေတာကိုမရပ်သွားခဲ့ပေ၊ခဏလောက်ကြာမှတုန့်ခနဲရပ်သွားပြီးထာဝဇဉ့်ကိုပြန်လှည့်ကြည့်လာသည်၊ထိုသူ့ရဲ့ခြေလှမ်းတွေကလည်းဖြည်းဖြည်းချင်းနောက်ကိုဆုတ်နေခဲ့သည်၊ထာဝဇဉ်ထိုနေရာကိုဖြည်းဖြည်းချင်းကပ်သွားတော့သူကဘေးမှာလာရပ်သည်၊သူကြည့်နေတဲ့နေရာကိုအကဲခတ်တော့အစာလိုက်ရှာနေတဲ့ကျားကိုမြင်လိုက်ရ၏၊ကံကောင်းတာကထာဝဇဉ်တို့ကိုထိုကျားမမြင်သေးတာပင်။

သုတလက်ကိုရုတ်တရက်ခပ်တင်းတင်းဆုပ်ကိုင်လာတာမို့ဖြတ်ခနဲလှည့်ကြည့်မိလိုက်လျှင်သူကတိုးတိုးနေဖို့လုပ်ပြလာ၏။

နှစ်ယောက်သားအတူဖြည်းဖြည်းချင်းဆုတ်သွားနေစဉ်သုတကသစ်ကိုင်းခြောက်ကိုတက်နင်းလိုက်၍ဖျောက်ဆိုတဲ့အသံကပတ်ဝန်းကျင်ကိုစိုးမိုးသွား၏၊ကျားကထာဝဇဉ်တို့ဘက်ကိုကြည့်လာခဲ့တာမို့လျှင်မြန်စွာပဲသုတကိုဆွဲ၍ခြုံကြီးကြီးတစ်ခုမှာပုန်းခိုင်းလိုက်ရင်းထာဝဇဉ်ကအယောင်ပြပြေးထွက်သွားလိုက်၏။

အမြွှာဖူးစာ(Gl)Where stories live. Discover now