Unicode
ရွှေလွှာ့ကိုဖမ်းခေါ်လာတဲ့ကားကအိမ်ကြီးအိမ်ကောင်းတစ်ခုဆီမှာရပ်တန့်သွားခဲ့သည်၊ဘာလို့ဒီကိုဖမ်းခေါ်လာလည်းမသိပေမဲ့စိတ်ထဲအနည်းငယ်လန့်နေမိ၏၊စိန်ကိစ္စနဲ့ပတ်သပ်နေရင်ရွှေလွှာတော့ပြေးပေါက်မှားလေပြီ။
ယွန်းမေကရွှေလွှာ့လက်ကနေဆွဲခေါ်၍အောက်ကိုဆင်းစေသည်၊ရွှေလွှာကယွန်းမေကိုမျက်မှောင်ကျုံ့၍စိုက်ကြည့်လာခဲ့၏၊ဒီမိန်းကလေးရူးနေတာမဟုတ်ရင်ရွှေလွှာ့ကိုခေါ်လာစရာဘာအကြောင်းရှိမလဲ။
"မင်းငါ့ကိုဘယ်ခေါ်လာတာလဲ"
"ယွန်းမေကိုဂျင်းထည့်ဖို့လုပ်နေတယ်ဆိုရင်တော့လုံးဝအောင်မြင်မှာမဟုတ်ဘူးနော် ကောင်းကောင်းမွန်မွန်အထဲဝင်ပါမမလေးရာ"
"ငါမင်းကိုပြောပြီးပြီလေ ငါမင်းမမလေးမဟုတ်ဘူးလို့ အာ့"
ယွန်းမေကစိတ်မရှည်တော့၍ရွှေလွှာ့ကိုအိမ်ထဲအတင်းဆွဲခေါ်သွားတော့သည်၊ဧည့်ခန်းလိုနေရာကိုရောက်လာတော့အမျိုးသမီးကြီးတစ်ဦးနဲ့မိန်းကလေးတစ်ဦးစကားပြောနေတာကိုမြင်လိုက်ရ၏၊ရွှေလွှာသိပ်ပြီးမွန်းကျပ်လှသည်..ကိုယ်နဲ့မသိတဲ့လူတွေရှိနေတဲ့အိမ်ထဲကိုဘာအကြောင်းအရင်းမှမရှိပဲရောက်နေရတာကြီးကိုသဘောမကျလှချေ၊ဒါပေမဲ့လည်းဒီအမျိုးသမီးတွေကရွှေလွှာ့ကိုဒီအရူးမလက်ထဲကနေတော့ကယ်တင်ပေးနိုင်လောက်သည်။
"သမီး!"
ရွှေလွှာ့ကိုမြင်သွားတဲ့ဒေါ်သွန်းရွှေရည်ကဆိုဖာပေါ်ထိုင်နေရင်းကနေအတင်းထရပ်လာသည်၊ရွှေလွှာနားကြားမှားတာမဟုတ်ရင်သူ့ကိုသမီးလို့ခေါ်လိုက်တာလားလို့...ရွှေလွှာ့အနားကိုရောက်လာတဲ့အမျိုးသမီးကြောင့်အလန့်တကြားဖြင့်နောက်ကိုဆုတ်လိုက်မိသည်။
သမီးဖြစ်သူရဲ့မျက်နှာမှာဒေါ်သွန်းရွှေရည်ကိုစိမ်းသက်နေတဲ့အရိပ်အယောင်များတွေ့နေရ၏၊မသိရင်ဒေါ်သွန်းရွှေရည်ကိုအခုမှမြင်ဖူးနေတဲ့လူတစ်ယောက်လိုကြည့်နေခြင်းဖြစ်သည်၊တစ်ဆတ်တည်းကောင်းကောင်းမွန်မွန်အလွမ်းသယ်လို့မရတော့ဘူးဆိုတာကိုလည်းတစ်ခါတည်းသိလိုက်ရ၏။
![](https://img.wattpad.com/cover/345722165-288-k629265.jpg)
STAI LEGGENDO
အမြွှာဖူးစာ(Gl)
Storie d'amoreငယ်ငယ်ထဲကကွဲကွာသွားခဲ့ကြတဲ့အမြွှာညီအစ်မနှစ်ယောက်၊စိတ်ချင်းဆက်နေတာမို့တစ်ယောက်ရယ်ရင်ရယ်ချင်ပြီးတစ်ယောက်ငိုရင်အလိုလိုလိုက်ငိုချင်နေလေသည်။ ခွဲမရအောင်တူလွန်းတဲ့မျက်နှာတွေကြောင့်ဘယ်လိုအလွဲအမှားတွေနဲ့ရယ်စရာဖြစ်ရပ်တွေဖြစ်လာမလည်း၊သူတို့ရဲ့ဖူးစာရှင်တွေကရောဘယ...