Chapter-1(Zawgyi)

1.2K 26 0
                                    

ငယ်ငယ်ထဲက.. အီသန်ဘရွန်းဒက်
ဟာ..နဂါးအိပ်မက်တွေကိုပဲမက်လေရှိ
တယ်။ အိပ်မက်ထဲမှာ အပြာရောင်နဂါး
ကြီးဟာ.. သူ့ကို နူးနူးညံ့ညံ့စိုက်ကြည့်နေတာ ကအရမ်းကိုမွန်းကျပ်စေတယ်
ဘရွန်းဒက်မျိုးနွယ်စုက နမည်ရဲ့နောက်မှာ မျိုးနွယ်စုနမည်တွေကိုထပ်တက်ကြတယ်။ ဒါပေမယ့် အီသန်တို့
ဘရွန်းဒက်မျိုးနွယ်စုမှာ မျိုးနွယ်စုဝင်
21ယောက်ပဲရှိတယ် အခြားမျိုးနွယ်စုတွေက အနည်းဆုံ3း5ယောက်ရှိတက်ကြတယ်။ ဘရွန်းဒက်က21ယောက်ပဲဖြစ်တယ်ရှေးဖြစ်ဟောတစ်ယောက်ကဟောခဲ့တာကတော့ ဘရွန်းဒက်မျိုးနွယ်စုမှာမျိုးနွယ်စုဝင်အယောက်20ပဲရှိရမယ်..ဟုတ်တယ် အီသန်က ၊ဘရွန်းဒက်ရဲ့21ယောက်မြှောက် မျိုးနွယ်စုဝင်ပဲ
မထင်မှတ်ပဲ အီသန်ကစတေးခံလူသားတစ်ယောက်ဖြစ်လာခဲ့တယ်။
အဲ့တာကတော့21ယောက်မြှောက်
ဖြစ်တဲ့အီသန့် ကို သူတို့က အရှေ့တောင်ပင်လယ်က နဂါးပြည်ကိုပို့ကြတော့မှာ အီသန့် မိခင်ကပြောတယ်
သူကအီသန့်ရဲ့ အိပ်မက်တွေကိုသိထားတဲ့ တစ်ဉီးတည်းသောလူလေ၊
အရှေ့တောင်ပင်လယ်မှာအီသန့်ရဲ့
ဖူးစာရှင်ရှိတယ်တဲ့ အီသန်ဘယ်လိုလုပ်ယုံလို့ရမှာလဲ အရှေ့တောင်ပင်လယ်နဂါးပြည်မှာ နဂါးတွေပဲရှိမှာပေါ့
အီသန်ကလူလေ နဂါးတစ်ကောင်နဲ့
ဘယ်လိုလုပ်ဖူးစာရှင်ဖြစ်နိုင်မှာလဲ
ဒီလိုနဲ့ အီသန့်ကိုစတေးကြတော့မယ့်
အချိန်ကိုရောက်လာခဲ့ပြီ။

ရေလယ်ခေါင်မှာ အီသန့်ကိုကားယားလေးကြိုးချည်ပြီး ဝါးဖောင် တစ်ခုပေါ်တင်ထားတယ် အီသန့်တကယ်ပဲနဂါး
တွေဆီရောက်မှာလား လှိုင်းမိပြီး
ရေထဲမှာပဲသေဆုံးသွားမှာလား
အီသန့်ကိုဒီလိုလုပ်တဲ့ဘရွန်းဒက်
မျိုးနွယ်စုကိုအီသန် မမုန်းမိဘူး။
ဒါကသူတို့ရဲ့ရှေးရိုးစွဲယုံကြည်မူတစ်ခုပဲ
21ယောက်မြှောက်မွေးဖွားလာတဲ့
အီသန်က မျိုးနွယ်စုမှာဘောင်မဝင်ဘူး
အီသန်ကအမြဲအပယ်ခံတစ်ယောက်ပဲ
အီသန့်ဖခင်ဖြစ်သူကတောင်အီသန့်ကို
မချစ်ဘူး မိခင်ကသာအီသန့်ရဲ့တစ်ဉီးတည်းသော အဖော်တစ်ယောက်ပဲ
ဒီလိုတြွေဖစ်လာလို့အီသန် ဘယ်သူ့ကိုမှ
အပြစ်မတင်ဘူး အခုတော့ ရေလယ်ခေါင်မှာ ကောင်းကင်ပြာကြီးကိုကြည့်ကြီးအတွေးလွန်နေတဲ့ အီသန်က
မျက်လုံးတွေမှိတ်သွားပြီး
အီသန်ကအိပ်ပျော်သွားပြီ။
အီသန့်ပါလာတဲ့ဖောင်လေးက ဘရွန်းဒက်ရဲ့အရှေ့တောင်ပင်လယ်ကို
ဉီးတည်နေတယ် တစ်​ဖြည်းဖြည်းနဲ့
အီသန်ရဲ့ဖောင်ကနစ်သွားပြီ
အောက်ကနေ လူအများစုက
အီသန့်ဖောင်ကို ဆွဲယူသွားသလို
ပါသွားပေမယ့် အီသန့်ရဲ့အင်္ကျီတွေက
ရေမစိုသွားခဲ့ဘူး အီသန်လဲ မနိုးသွားဘူးခန္ဓာကိုယ်ကိုလဲရေတွေကမထိဘူး
အားလုံးကပုံမှန်လိုဖြစ်နေတယ်။
ပင်လယ်ရဲ့အောက်ခြေကိုတစ်ဖြည်းဖြည်းရောက်နေတယ်
ဖောင်လေးကကျနေရာကနေရပ်သွားပြီ
အီသန့် ခန္ဓာကိုယ်ကိုတစ်စုံတစ်ယောက်ကလာထိနေတယ် ပြီးတော့ အီသန့်ကို
မ ချီသွားတယ် အဲ့ဒီသူက အီသန့်ကို
ချီလျှက်နဲ့ပဲ သွားနေတယ်
တစ်နေရာမှာ ရပ်သွားတယ် အဲ့ဒီနေရာ
က ကုတင်တစ်လုံးပေါ့
အီသန့်ကိုအသာယာကုတင်ပေါ်တင်ပေးလာတယ် ပြီးတော့ထိုသူကပြောတယ်

"ဘရွန်းဒက် ရဲ့စွန့်ပစ်ခံသတ္တဝါလေး
က၊ တောင်ပင်လယ်ရဲ့ ရတနာတစ်ခုပဲ။"

ကုတင်ကြီးပေါ်ကအီသန်ကတော့
ဘာမှမကြားနိုင်အောင်အိပ်စက်နေပေ
မယ့်  ထိုလူက အီသန့်ကိုသေချာစိုက်ကြည့်နေတယ် ပြီးတော့အီသန့် ရဲ့
နှာဖူးကို ငုံ့နမ်းလိုက်တယ်
သူကထက်ပြီးပြောလာတယ်။

"မင်းက.. ပျောက်ဆုံးနေတဲ့ တောင်ပင်လယ်ရဲ့ရတနာလေးပဲ။"

________________________________

ဘာသာပြန်မဟုတ်ပါဘူး

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now