Chapter-8(Unicode)

954 91 1
                                    


"ရာဇပလ္လင် ထက်မှာရှိနေတာက
တောင်ပင်လယ်ရဲ့အရှင်ပဲ"

ထိုသို့ဆိုလိုက်ချိန်တွင် အီသန်ဆိုသော
လူသားသည်ပလ္လင်ထက်သို့ပြေးသွားပြီး အရှင်ရွိုင်း၏ခြေထောက်အား
ဖတ်လိုက်လေကာ

"အီးဟီး ကျေးဇူးကြီးမာပါတယ်
နဂါးမင်းကြီးရယ် နဂါးမင်းကြီးမှ
မကယ်ရင်ကျွန်တော်သေမှာပါ"

အချိန်ခဏလေးအတွင်းမှာပဲသူ၏
ခြေထောက်အားပြေးဖတ်ကာငိုယို
နေသောထိုလူသားအားအရှင်ရွိုင်းက
​ထူးဆန်းစွာဒေါသမဖြစ်မိသောလဲ
စုဝေးဆောင်ရှိနဂါးများကတော့
ထိုလူသား ၏နောက်ဖြစ်လာမည့်
အဖြစ်ကိုတွေးတောနေလေရတော့သည်

ထိုအခါ အရှင်ရွိုင်းသည်သူ၏ခြေထောက်ကိုဖတ်တွယ်ထားသော လူသားအား

"ဘယ်လိုတွေတောင် ရိုင်းပြနေရတာလဲ
ကိုယ်တော်က မင်္ဂလာရှိတဲ့နေမို့
မင်းကိုဘေးမဲ့ပေးလိုက်တာပဲ
ဒါကိုဘယ်လိုတောင်"

ခြေထောက်လေးကိုင်တာကိုဖြစ်ပျက်နေလိုက်တာနော်

"မင်းကိုင်ထားတဲ့ ခြေထောက်က
တောင်ပင်လယ်နဂါးမင်းရဲ့ခြေထောက်
ကွ ဖယ်စမ်း"

"ဟင် နဂါးမင်းကြီး ကျွန်တော့်အတွေး
ကိုကြားနေတာလား "

"အရေးမပါတာတွေမေးမနေလေနဲ့
ဖယ်စမ်း"

"ဟုတ် ဟုတ်"

ထိုသို့ဆိုကာ အီသန်ကိုင်ထားသော
ခြေထောက်အား လွှတ်လိုက်ပြီး
မတ်တပ်ရပ်လိုက်ကာ

"အခုကျွန်တော်ကပြန်ရမှာလား"

"မင်းကို? ပြန်ပို့ပေးရလောက်အောင်ထိ
တောင်ပင်လယ်မှာ အားနေသည့်သူ
မရှိလေဘူး ပြန်ချင်ရင်ကိုယ့်ဘာသာပြန်လေ"

သည်စကားကိုတော့ ဂရစ်မှပြောလိုက်ချင်းဖြစ်လေသည်
အီသန်ဂရစ်ဘက်လှည့်ကာ

"ဒီမှာ ခင်ဗျားရူးများနေတာလား
နဂါးပြည်ကနေလူ့ပြည်ကိုကျွန်တော်က
ဘယ်လိုပြန်ရမှာလဲ ရေကူးပြီးတော့လား"

"အဲ့တာမင်းရဲ့ကိစ္စပဲ ပြန်ချင်ရင်ပြန်ချေ"

"ဘယ်လိုတောင်သနားညှာတာမူမရှိတဲ့
နဂါးတွေလဲ လူသားတစ်ယောက်ကို
သည်လို လွှတ်လိုက်ရလား"

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now