ဖြောင်း!!
ရုတ်တရပ်ပါးပေါ်ကျလာသောရိုက်ချက်ကြောင့် ရွိုင်းကြောင်အသွားသောလဲ အီသန့်၏အကြည့်များကြောင့်နားလည်လိုက်ရသည်
"တောင်းပန်ပါတယ် ကိုယ် အဲ့တုန်းက"
"တိတ်စမ်း"
"မဟုတ် ကိုယ်"
"ဘာလို့လဲ ဘာလို့ဒီလိုလုပ်ခဲ့တာလဲ
ခင်ဗျား ကမုန်းဖို့ကောင်းတဲ့သူပဲ
မဟုတ်ဘူး ခင်ဗျားကမုန်းကိုမုန်းသင့်တဲ့လူ ကျွန်တော့်ကိုအယုံသွင်းပြီး
နောက်ဆုံးမှာရိုက်ချတဲ့သူ
ဒါကြောင့် ဆွစ်ဒန်းဆိုတဲ့သူက
ကျွန်တော့်ကိုသတ်မှာမဟုတ်ဘူး
ခင်ဗျားကသတ်မှာ ဟုတ်တယ်မလား""မဟုတ်ဘူး ကိုယ်အဲ့တုန်းက စိတ်"
"ထပ်မပြောနဲ့ အကုန်မြင်နေရတာ
ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတာကို
ဘာထပ်ငြင်းချင်နေတာလဲ ဟမ်
ကိုယ့်ရှေ့မှာ ကိုယ့်ကိုကိုယ်သတ်သေတာကိုမြင်နေရတာက ဘာဆိုတာသိရဲ့လား""ကိုယ်ရှင်းပြတာကိုနားထောင်ပါအုံး"
"တော်ပါတော့"
အီသန်သည် ပြောနေရင်းဖြင့် ကြမ်းပြင်ပေါ်သို့ခွေကျသွားလေသည်
ထိုအခါရွိုင်းသည် အီသန် ကျသွားသောကြမ်းပြင်ပေါ်သို့ဒူးထောက်ထိုင်ကာအီသန့်အား ဖတ်ထားလေသည်"လွှတ်! ခင်ဗျား သိပ်ယုတ်မာတယ်
ခင်ဗျားကိုမုန်းတယ် ကျွန်တော်သေခဲ့ရလို့မုန်းတာမဟုတ်ပဲ ကျွန်တော့်ရဲ့
ယုံကြည်မူကိုအလွဲသုံးစားလုပ်လို့
မုန်းတယ် လွှတ်"အီသန်သည်ရွိုင်း၏ရင်ဘတ်ထဲမှရုန်းကန်နေသည် သို့သော်ရွိုင်းမှာ
လွှတ်မပေးပဲ တင်းကျပ်စွာဖတ်ထားသည် ပုံစံမှာ မိမိလက်ထဲမှ
အရုပ်လေးအား တစ်ခြားသူလုသွားမှာဆိုး၍ ဖွက်ထားသည့်အသွင်ပြင်သာ"သတ်လိုက်ပါလား"
"ကိုယ်တောင်းပန်ပါတယ် ရတနာလေးရယ် ကိုယ်မင်းကိုသေစေဖို့မရည်ရွယ်
ခဲ့ပါဘူး ""အဲ့တာကိုပြောတာမဟုတ်ဘူး
အခု အခုကျွန်တော့်ကိုသတ်လိုက်ပါလား အစထဲက စတေးခံဖို့ရောက်လာရတဲ့လူမို့ သေသွားမှာကိုလဲမကြောက်
တော့ပါဘူး"
YOU ARE READING
𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒
FantasyThe fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။