"ဆွစ်ဒန်းရဲ့ အကိုတော် ဖယောဇာကနေစခဲ့တာပဲ။ ဖယောဇာ ဆိုတာက
အရှင့်ရဲ့ ငယ်ပေါင်းအဆွေတော်
တစ်ယောက် ဒါပေမယ့် ဖယောဇာက
အရှင့်ကိုချစ်ကြိုက်နေခဲ့တာ။
ဒါကိုဆွစ်ဒန်းရော အရှင်ကပါသိတယ်။
အကြီးတစ်ယောက်ဖြစ်ပေမယ့်
နူးညံ့လွန်းတဲ့ ဖယောဇာကိုဆွစ်ဒန်းက
ချစ်တယ်။ အရှင်နဲ့လဲသဘောတူခဲ့တယ်။ဒါပေမယ့် အရှင်က ဖယောဇာကို
ငယ်ပေါင်းအဆွေတော်ဆိုတဲ့
သံယောဇဥ်ထပ်မပိုခဲ့ဘူး။ ဒါကိုလဲ
အရှင်က ဖယောဇာ ကိုရောဆွစ်ဒန်း
ကိုပါ ပြောပြခဲ့တယ်။ ဒါကိုဆွစ်ဒန်းက
နားလည်ပေမယ့် ဖယောဇာက
လက်မခံခဲ့ဘူး။ နောက်တော့
ဖယောဇာက အရှင့်ကို ပြောတော့တယ်
သူ့ကို ဘာလို့မချစ်ရတာလဲဆိုပြီး
အရှင်က လဲ သာမာန်အဆွေတော်လိုပဲသဘောထားတယ်လို့ပြောခဲ့တယ်
နောက်တော့မင်းပေါ်လာခဲ့တယ်။
အရှင်က မင်းကိုမှ မေတ္တာရှိသွားခဲ့တာ
ဒါကိုဖယောဇာကသိသွားပြီး
အခုမှပေါ်လာတဲ့မင်းကို ဘာလို့
ချစ်သွားတာလဲဆိုပြီး ပြောတော့တယ်။
ပြီးတော့ မင်းမသိခင် ပဲမင်းကို
သေစေနိုင်တဲ့အဆိပ်မိအောင်လုပ်ခဲ့တယ်ဒါကြောင့်လေ သေဆုံးခြင်းအိပ်မက် အဆိပ်မိတုန်းကမင်း
အဆိပ်ပေါ်အဆိပ်ဆင့်သွားတာ။
မင်းကိုအဆိပ်မိအောင်လုပ်ခဲ့လို့
အရှင်က ဖယောဇာကို တောင်ပင်လယ်ကိုခြေမချဖို့ပြောခဲ့တယ်။
နောက်ရက်တွေကြာတော့ဖယောဇာ
သေဆုံးသွားပြီဆိုတဲ့သတင်းကိုရတယ်။ ဖယောဇာသေဆုံးတာ
အရှင့်ကြောင့်ဆိုတာ သိတဲ့ ဆွစ်ဒန်းက
အရှင့်ကိုမုန်းသွားခဲ့တာ
ဒါပေမယ့် ဖယောဇာရဲ့စိတ်ဝိညာဥ်
ကဆွစ်ဒန်းဆီဝင်သွားခဲ့တယ်။
ပုံမှန်နာကျည်းနေတဲ့ အမုန်းနဲ့
ဖယောဇာ့ရဲ့စိတ်ဝိညာဥ်ကြောင့်
ဆွစ်ဒန်းက စွမ်းအားကြီးသွားခဲ့တယ်။
အဲ့ကနေ တောင်ပင်လယ်ကိုရော
မင်းကိုပါ အန္တာရယ်ရှာနေခဲ့တာ။ "ဂရစ်၏ရှင်းပြမူအဆုံးတွင်အီသန်နားလည်သင့်သလောက်နားလည်သွားခဲ့လေသည်။
သို့သော်လဲ မရှင်းသည့်အချက်ရှိသေးသည့်အတွက် ဂရစ်အားထပ်၍မေး
လေသည်။"ဒါဆို ဆွစ်ဒန်းက ရွိုင်းကို ချစ်နေတာမဟုတ်ဘူးပေါ့။ ဒါဆိုဘာလို့
မှာတ်ဥာဏ်ထဲမှာ ဆွစ်ဒန်းက
ကျွန်တော့်ကို သေဆုံးခြင်းအိပ်မက်အဆိပ်ခက်တုန်းက ဘာလို့"အီသန့်၏အမေးကိုနားလည်သော
ဂရစ်သည် မေးခွန်းပြီးအောင်ပင်
နားမထောင်တော့ပဲ။"ဟုတ်တယ်။ အဲ့နေက ဆွစ်ဒန်းရဲ့
ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဝိညာဥ်က
ဖယောဇာ့ရဲ့ဝိညာဥ်။""ဒါကြောင့်ကို။"
"ဒီမှာသခင်လေး။ မင်းသိချင်တာတွေကိုလဲ ရှင်းပြပြီးပြီ အရှင်ကလဲတောင်ပင်လယ်အထက်ပိုင်းကိုရောက်နေလောက်ပြီ ငါအရှင့်နောက်လိုက်သွားလို့ရပြီလား။"
"ဟာ ကျွန်တော်လဲလိုက်မယ်လေ။"
"မင်းကိုခေါ်သွားရင် အရှင်က ငါ့ကို
သတ်မှာပေါ့။ မယ်တော်ကြီးအဆောင်
တော်ကိုပို့ထားခဲ့မယ်။ လိုက်လို့တော့မရဘူး။""ဟွန့် စိတ်ပုပ်တဲ့နဂါး။"
"လျှာရှည်တဲ့လူသား။"
"ခင်ဗျား..."
"မယ်တော်ကြီးနန်းဆောင်သွားမယ်
လိုက်ခဲ့ "ပြောကာရှေ့မှထွက်သွားသော
ဂရစ်အား အီသန်ကြည့်မရတော့ပေ။
ရှင်းပြနေတုန်းကအကောင်း
ပြီလျှင်သူပဲအလိုမကျသလိုဖြင့်
ဟောက်လာတော့သည်။ရွိုင်းပြန်ရောက်လျှင်တိုင်ပြောရမည်။သို့သော်လဲ ယခုတွင်တော့
ရွိုင်းကိုလိုက်မရှုပ်ချင်တာကြောင့်
မယ်တော်ကြီးနန်းဆောင်ကိုသာလိုက်ခဲ့ရတော့သည်။________________________________
အပြာရောင်နဂါးကြီးသည်လူ့အသွင်
မပြောင်းပဲ ထိုအတိုင်းသာ
ကောင်းကင်တစ်ခွင်ကိုဝဲပျံနေသည်
ပြီးနောက်ဒေါသတကြီးဖြင့်
ရေခဲများကိုအောက်ဘက်ရှိ
ဆွစ်ဒန်းတို့ ရှိရာသို့မူတ်ထုတ်နေသည်။ဆွစ်ဒန်း၏နောက်လိုက်တစ်ချို့မှာ
ရွိုင်း၏ရေခဲစွမ်းအင်များကြောင့်
ခဲနေပြီဖြစ်သည်။
သို့သော် ဆွစ်ဒန်းမှာတော့
ဘာမှမဖြစ်သည့်အလား ကောင်းကင်တွင်ပျံဝဲနေသော နဂါးကြီးအားမော့ကာကြည့်နေလေသည်။သေချာသည်က ထိုသူမှာဆွစ်ဒန်းခန္ဓာကိုယ်ထဲရှိဖယောဇာ ၏ဝိညာဥ်
ဖြစ်လေသည်။
YOU ARE READING
𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒
FantasyThe fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။