Chapter-20(Zawgyi)

216 10 0
                                    

ဒီနေ့သည် အိပ်မက်နတ်ဆိုးဘုရင်နှင့်
တောင်ပင်လယ်နဂါးမင်း တို့၏
တိုက်ပွဲနေ့ဖြစ်လေသည်။

ကောင်းကွင်တစ်ခွင်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်မှာ မကြာခင်တွင်
ဆူညံသံများစတင်တော့မည်ကို
သတိပေးနေသလို။

ရွိုင်းသည်ချစ်ရသူ၏လက်ကလေးအားကိုင်ရင်း။

"ကိုယ့်အတွက်ဆုတောင်းပေးနေနော်ရတနာလေး။ ကိုယ့်ဇနီးလေး။"

"ဘယ်သူကခင်ဗျားရဲ့ဇနီးလဲ။ဟွန့်
နဂါးစုတ်ကြီး ကျွန်တော်က အမျိုးသားပါဗျ ။"

အီသန်သည် ထိုသို့ပြန်စွာလိုက်လျှင်
ရွိုင်းသည် သူ၏ချစ်ရသူလေးအား
မြတ်နိုးချင်းအပြည့်ဖြင့်ကြည့်မိနေပြန်သည်။

"ရွိုင်း။"

ရွိုင်းကြည့်နေစဉ် အီသန်သည် သူအား
ခေါ်လိုက်သောကြောင့်။

"အင်း။ ရတနာလေးပြော။"

"ကျွန်တော် ပါ လိုက်ချင်တယ်။
ကျွန်တော်လဲခင်ဗျားကိုကာကွယ်ပေးချင်တယ်ရွိုင်း။"

"မလိုက်ရဘူး။ ကိုယ့်ကိုချစ်ရင် ကိုယ်ပြန်အလာကိုပဲစောင့်နေပေးပါ။
ကိုယ်ကတိပေးတယ် ကိုယ် မင်းဆီပြန်လာခဲ့မယ်။"

"စစ်ထွက်နေတဲ့ခင်ပွန်းဖြစ်သူကို
ဇနီးသည်က အိမ်မှာနေရင်း ဆုတွေတောင်းပြီးစောင့်ဆိုင်းနေတာမျိုး
မဟုတ်ဘူးလေ။ ကျွန်တော်ရော
ခင်ဗျားရောက အထီးတွေဗျ။"

{စစ်ဆိုတာ ဟိုဟာမဟုတ်ဘူးနော်သိလား ဇာတ်လမ်းထဲထည့်သင့်တာလေးမလို့ နည်းနည်းထည့်ရေးတာပါနော်
အီသန်ပြောချင်တာ သူလဲယောက်ျားမို့
ရွိုင်းနဲ့အတူတူဆွစ်ဒန်းတို့ကိုတိုက်ခိုက်ချင်တယ် ဒါမျိုးပါ}

"ကိုယ့်ရတနာရယ်။"

"ဘာမှမပြောနဲ့ ကျွန်တော့်ကိုအခုမ​ခေါ်လဲ မရရတဲ့နည်းနဲ့ လာခဲ့မှာ။"

"ဟာ။"

"ခေါ်သွားပါဗျာ ကျွန်တော်လဲရွိုင်းကိုကာကွယ်ချင်တယ်"

"ဖယောဇာရဲ့ ရည်ရွယ်ချက်ကဒါပဲ
အီသန်  သူ့ရဲ့ ထောင်ချောက်ထဲကို
ကိုယ်တို့ဆင်းရလိမ့်မယ်။ ဒါကြောင့်မလိုက်ပါနဲ့ကိုယ့် ရတနာရယ်။"

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now