"နည်းနည်းဆက်လျှောက်မယ်ဆိုရင်
မင်းမေးနေတဲ့သူတွေကိုတွေ့ရမှာပါ""ဟုတ်ကဲ့။"
ဟောခန်းလိုရှည်လျှာတဲ့ခန်းမကြီးထဲ
မှာ အီသန်နဲ့ရွိုင်းကလွဲပြီး
မည်သူမျှရှိမယ်မထင်ပေမယ့်
ရွိုင်း ကတော့ လျှောက်မြဲပဲဖြစ်သည်။အီသန် စရောက်လာထဲကမေးချင်တဲ့
မေးခွန်းများစွာရှိသောလဲရွိုင်းဂရေဟမ်
အား မမေးရဲပေ ထို့ကြောင့်သူတို့
လက်ထဲမှာနေ နေရသောအီသန်သည်
မနေ့တစ်နေ့ကမြှမင်ဖူးသည်
နဂါးမင်းဆိုသည်အား တစ်ရင်းတစ်နှီး
ရွိုင်း ဟုခေါ်ဝေါ် နေရသည်။
သည်အချိန်တွင်အီသန်အာသည်နေရာရဲ့ အမှိုက်တစ်ဆလောက်သာရှိသည်"ဘယ်သူပြောတာလဲ ရတနာလေး
မင်းက တောင်ပင်လယ်ရဲ့ရတနာလေးပဲအထူးသဖြင့် ကိုယ့်ရဲ့ရတနာလေး။"ရှေ့မှ ဖြည်းညှင်းစွာလျှောက်နေသော
ရွိုင်း က အီသန့်ကို လှည့်မကြည့်ပဲ
ဆိုလာပြန်သည်
သူမေ့နေတာ ရွိုင်းက သူ့အတွေးကို
ကြားနိုင်နေတာပဲ..."နဂါးမင်းကြီးဗျ ကျွန်တော့်ရဲ့အတွေး
တွေကို မကြားအောင်ခနလောက်
လုပ်ထားပါလားဟင်..""အခေါ်အဝေါ်ကဘယ်လိုဖြစ်သွားတာလဲ အီသန်... ကိုယ်ကတောင်ပင်လယ်ရဲ့
နဂါးမင်းဆိုပေမယ့် မင်းရဲ့ရွိုင်း...
အီသန်ဘရွန်းဒက် ရဲ့ရွိုင်းဂရေဟမ်""ကျွန်တော်တို့က အဲ့လိုခေါ်ဝေါ်ဖို့
လောက်ထိမရင်းနှီးသေးဘူးလေ
ပြီးတော့ ခင်ဗျားက သာမာန်လူ
တစ်ယောက်လဲမဟုတ်ဘူး။""အရှင်.."
အီသန် နှင့်ရွိုင်း အငြင်းပွားသလိုဖြစ်
နေစဉ် အီသန်တို့နားသို့
အမျိုးသားတစ်ဉီး လျှောက်လှမ်းလာသည် သူတို့ရဲ့အရပ်က ဘယ်လိုရှိသည်လဲအီသန်မသိပေမယ့် အီသန့်ထက်တော့ ခေါင်းနှစ်လုံးစာလောက်မြင်ကြတယ် နဂါးမင်းကြီးရွိုင်း ကတော့အဲ့
သည့်ထက်တောင်ပိုလိုရှည်ပါသေးတယ် ။ရွိုင်းက ထိုအမျိုးသားအားတစ်ချက်မျှသာကြည့်အာ အီသန့်ဘက်မျက်နှာမူလာပြီး ...
"အင်း.. ဂရစ် မယ်တော်ရော"
"အရှင့် မယ်တော်ကြီး ကလဲအရှင်တို့ကိုစောင့်မျှော်နေတာပါ သူမရဲ့နန်းဆောင်
ထဲမှာ ရှိနေပါတယ်။"
YOU ARE READING
𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒
FantasyThe fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။