Chapter-3(Zawgyi)

641 19 0
                                    

အီသန်.. ဘယ်လောက်တောင်အိပ်ပျော်
သွားမှန်းမသိပေမယ့်..
နိုးလာတော့.. အီသန်ရှိနေတဲ့ကုတင်
ခြေရင်းမှာ ရွိုင်းကရောက်နေတယ်
သူကပစ္စည်းတစ်ခုကိုကိုင်ပြီးသေချာ
စူးစိုက်ကြည့်နေတယ် သူ့အကြည့်က
အရမ်းကိုသိလိုစိတ်ပြင်းပြနေတယ်လို့
အီသန်ထင်တယ် သူသသူ့လက်ထဲက
ပစ္စည်းကိုကြည့်နေရင်း အီသန်နိုးလာတာကိုသတိထားမိသွားတဲ့ပုံရပြီး
အီသန့်ကိုကြည့်လာတယ် ပြီးတော့
သူ့လက်ထဲကပစ္စည်းတစ်ခုကို
ထောင်ပြလာတယ်။

" ရတနာလေး... မင်းဒါကိုမြင်ဖူးလား"

သူ့လက်ထဲကပစ္စည်းက ပန်းရောင်သန်းနေတဲ့နဂါးရုပ်ပိစိလေးပဲ
ဒါကိုအီသန်ရင်းနှီးနေတယ်လို့ခံစားမိပေမယ့် သေချာတွေးကြည့်ရင်
အီသန်အဲ့ဒီနဂါးရုပ်ကိုမမြင်ဖူးဘူး။

"ဟင့်အင်း... ကျွန်တော်မမြင်ဖူးဘူး"

အီသန်ကထိုသို့ပြောလိုက်တော့
ရွိုင်းကစိတ်ပျက်လက်ပျက်ဖြစ်သွားသလိုငိုင်ကျသွားတယ်
ပြီးတော့သူကပြောလာတယ်။

"ထပြီး.. အဝတ်လဲတော့..၊ ဒီမှာရတနာ
လေးအတွက်အဝတ်ယူလာတယ်။"

ရွိုင်းကသူ့ဘေးနားမှာတင်ထားတဲ့
အပြာရောင်ပြောင်ကြီးပဲရှိတဲ့ဝတ်ရုံရှည်တစ်ထည်ကို ကြည့်ပြီးပြောတယ်။

"ရွိုင်း ကျွန်တော်ကို့တစ်ကယ်မစားဘူးမလား.."

"မင်းကစားစေချင်လို့လားရတနာလေး"

သူက အီသန့်ကိုသေချာစိုက်ကြည့်ရင်း
ဆိုလာပြန်တယ် ဒီတစ်ခါတော့
အီသန် ကြက်သီးတွေထလာတော့တယ်

"ဟင်း ရတနာလေးကိုယ်ကစတာပါ
အဝတ်တွေကိုလဲပြီးရင် ကိုယ်မင်းကို
ခေါ်သွားစရာနေရာရှိတယ် ပြီးတော့
ကိုယ်တို့မျိုးနွယ်ဝင်တွေနဲ့လဲမိတ်ဆက်ပေးမယ်လေ ကောင်းတယ်မလား.."

"စိတ်မရှိပါနဲ့ ရွိုင်း ကျွန်တော့်ကို
ပရွန်းဒက် မျိုးနွယ်တို့က ဒီကိုပို့လိုက်တာစတေးလိုက်တာပါ အဲ့တော့
ရွိုင်း ခင်ဗျားတို့ကကျွန်တော့်ကို
ဘာလုပ်ကြမှာလဲ.."

"ပုံမှန်စတေး ခံရတဲ့ လူတွေကို
တောင်ပင်လယ်ရဲ့ ရေတွေထဲကိုပျော်ဝင်စေတယ် သူတို့ရဲ့အငွေ့သက်တွေနဲ့ပင်လယ်ကိုအလုပ်ကျွေးပြုရတယ်.."

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now