Chapter-2(Unicode)

1.9K 165 2
                                    

အီသန် ရုတ်တရပ်လန့်နိုးသွားခဲ့တယ်
သူအိပ်ပျော်သွားတာကအတော်ကြာ
ပြီလို့ထင်တယ်။  သူပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရေတွေပြည့်နေတဲ့အခန်းတစ်ခုထဲကိုရောက်နေတာပဲ..
ထူးဆန်းတာက သူ့ခန္ဓာကိုယ်ကရေမစိုနေဘူး သူရေထဲမှာအသက်ရှူနေသလိုဖြစ်မနေဘူး ပုံမှန်လိုမျိုးသက်တောင့်သက်သာဖြစ်နေတယ် သူအိပ်မက် မက်နေတာပေါ့ ဒါမှမဟုတ်သူ..
သေများသွားတာလား။

"နိုးလာပြီလား... ရတနာလေး။"

အီသန်အတွေးများနှင့်နစ်ဝင်နေရင်း
သြရှရှအသံနှင့် တစ်စုံတစ်ယောက်က
ပြောလိုက်တယ် ဒီအသံကရေထဲမှာပြောနေသလိုလုံးထွေးမနေဘူး
စွဲဆောင်မူရှိတယ်လို့ထင်ရတဲ့
အသံမျိုးပဲပြီးတော့ နားထောင်လို့ကောင်းတယ်..

"ရတနာလေး.. ကိုယ်ပြောတာကြားလား။"

အီသန်ထပ်ပြီးတော့အတွေးတွေတုန့်သွားပြန်ပြီ အိပ်မက်ထဲမှာထိုသူကို
အီသန်ဘာပြန်ပြောသင့်လဲ..

"ဟုတ်ကဲ့ခဗျ... ကြားပါတယ်။"

အီသန် ထိုသူ့စကားကို အဖြေပြန်ပေးလိုက်သည်နှင့်ထိုသူက ပါးချိုင့်ခွက်ခွက်ကိုပေါ်အောင်ပြုံးသွားတယ်
ထိုသူ့မှာ အရမ်းကိုကြည့်ကောင်းလှတဲ့
ပါးချိုင့်ကြီးတွေရှိနေတယ်
ထိုသူက အီသန့်ကိုကြည့်ပြီး
ထပ်ဆိုလာတယ်

"တစ်ကယ်တော့ ကိုယ်မင်းရဲ့အတွေးတွေကိုကြားရတယ် ကိုယ့်ကိုထပ်ပြီး
မြှောက်ပင့်မနေနဲ့တော့.. ရတနာလေး။"

ထိုသူက အီသန်​တွေးနေတာကိုကြားရတယ်တဲ့ ဒါကအမှန်ပဲလား
ထိုသူရမ်းပြောနေတာလား...

"ရတနာလေး.. မင်းကတစ်ကယ့်စပ်စု
တာပဲ မင်းရဲ့အတွေးထဲမှာ
တစ်ကယ်ပဲကိုယ့်အပေါ်မေးခွန်းထုတ်နေတာလား။"

အီသန်မေ့နေတာပဲ အခုကအီသန်အိပ်မက်ထဲမှာမလား

"ရတနာလေး မင်းအိပ်မက်ထဲမှာမဟုတ်ဘူး။"

"ဟင်...."

"မင်းဒီကိုလာရတဲ့ အကြောင်းပြချက်မေ့နေတာလား။"

ဒီကိုလာရတဲ့... ဆိုတော့ ဒါကအီသန့်ကို
ပို့လိုက်ကြတဲ့ အရှေ့တောင်ပင်လယ်
လား။ တစ်ကယ်ပဲ..အီသန်က
အရှေ့တောင်ပင်လယ်ကိုရောက်နေတာလား သူလမ်းတစ်ဝက်မှာသေသွားမယ်
ထင်ခဲ့တာ တစ်ကယ်ပဲ အီသန့်ကိုဝါးဖောင်လေးက ဒီအထိခေါ်လာပေးတာလား ဒါဖြစ်နိုင်ရဲ့လား...

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now