Chapter-5(Unicode)

1.2K 120 2
                                    

ရွိုင်းနှင့်ထိုအမျိုးသမီးကြီးက
နှစ်ဦးသားစကားပြောနေရာမှ
ဘေးရှိအီသန့်အား ပြောလာလေသည်။

"ဟုတ်ကဲ့ ။ဘရွန်းဒက်မျိုးနွယ်စုကပါ"

"မယ်တော့်ကိုကြောက်နေတာလား
မကြောက်ပါနဲ့ မယ်တော်တို့က
မင်းကိုဘာမှမလုပ်ပါဘူးကွယ်။"

"လုပ်မှာလေမယ်တော်။"

အမျိုးသမီးကြီး၏စကားကိုဖြတ်ပြော
လိုက်သော သူမှာ ထိုအခန်းထဲသို့
ထပ်၍ဝင်လာသော အမျိုးသမီး
တစ်ယောက်ပေ ထိုအမျိုးသမီးကို
မြင်တော့ ရွိုင်းက မျက်နှာတည်သွားကာ ရွိုင်း၏မယ်တော်မှာလဲ တစ်ခုခုကို
စိုးရိမ်နေသလိုနှင့် အီသန့်အားကြည့်
လာလေသည်။
ထိုဝင်လာသောအမျိုးသမီးက
အီသန့်ကိုခေါင်းအစခြေအဆုံးကြည့်တာမဲ့ပြုံးတစ်ချက်ပြုံးလေသည်
ပြီးနောက် သူမရဲ့ဝတ်ရုံရှည်ကိုလက်
ဖြင့်မထားသည်ကိုချလိုက်ပြီး

"မယ်တော် သည်လူသားက စတေးခံ
လေးမဟုတ်လား ဒါဆို သူတို့
မျိုးနွယ်စုရဲ့ဆန္နအရဆောင်ရွက်ပေရ
မှာလေ ။"

ထိုအမျိုးသမီး၏စကားအား
ရွိုင်း၏မယ်တော်မှမည့်သည့်စကားမှ
မပြောလာပဲ ရွိုင်းမှ ထိုအမျိုးသမီး
အား အထင်သေးသလိုအကြည့်မျိုး
ဖြင့်ကြည့်ကာဆိုလာလေသည်။

"အဲလ်လစ် ဒီကိစ္စဟာ ကိုယ်တော်တို့
တောင်ပင်လယ်ကကိစ္စလို့ထင်မိတယ်
မင်းက အနောက်ပင်လယ်ကမဟုတ်
လား ကိုယ်တော်တို့ ကိစ္စကြားမင်းဝင်မပါသင့်ဘူး။"

ရွိုင်းက ထိုသို့ဆိုလိုက်သော်လဲ
ရှေ့မှထိုအမျိုးသမီးမှာ မျက်နှာတစ်ချက်မပျက်ပဲ ပြုံးရွှင်၍သာ

"အကိုတော် ..အဲလ်လစ်က
အနောက်ပင်လယ်ကဆိုပေမယ့်
တောင်ပင်လယ်နဂါးမင်းရဲ့မိခင်ဖြစ်တဲ့
မယ်တော်အန်ဒိုရာ ရဲ့ခင်ပွန်းဟောင်း
ရဲ့ သမီးတော်ပါနော် အဲ့တော့.."

"တိတ်စမ်း..! ဒီလိုအကြောင်းပြချက်ရှိတိုင်း မင်းက ကိုယ်တော်တို့ကိစ္စထဲ
ဝင်ပါလို့ရမှာမဟုတ်ဘူး
မင်းနဲ့ ဆွေမျိုးတော်စပ်တဲ့ သူက
ဒီတောင်ပင်လယ်မှာကိုယ်တော့်မိခင်
တစ်ယောက်ထဲပဲ အခုလို မင်းကို
သည်းခံပြောပေးနေရတာက
မင်းဟာရွေနဂါးမျိုးနွယ်မင်းသမီးတစ်ပါးဖြစ်လို့ပဲ ဒီထက်အဆင့်ကျော်
လာရင် ကိုယ်တော်ကငဲ့ညှာနေမှာ
မဟုတ်ဘူး အဲလ်လစ်။"

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now