Chapter-16(Unicode)

607 55 1
                                    


ထိုအချိန်တွင်ဂူအတွင်းသို့ အလွန်ချောမောလှပသော အမျိုးသမီးကြီးတစ်ယောက်ဝင်လာလေသည်။

ရွိုင်းသည် အီသန့်လက်ကိုကိုင်၍အိပ်ပျော်နေလေသည်
ထိုအမျိုးသမီးသည်ရွိုင်းနှင့်
အီသန့်အားကြည့်ကာ

"တစ်ကယ်ကို မိုက်ရူးရဲဆန်တဲ့ နဂါးမင်းပဲလူသားတစ်ယောက်ကိုချစ်ခွင့်မရှိတာ
သိရက်နဲ့ ဒီလူသားလေးအန္တာရယ်ကျရောက်နေတာအားလုံးဟာ
မင်းကြောင့်ပဲ"

ထိုသို့ပြောပြီးနောက်အမျိုးသမီးကြီးသည်အီသန့်၏ခနတောင့်တင်းနေသောခန္တာကိုယ်အားကိုင်ကာ

"အီသန်ဆိုင်းရစ် လူသားအဖြစ်နဲ့ထပ်ပြီးပြန်လည်မွေးဖွာလာပြီးမှ
မင်းချစ်သူနဲ့ပေါင်းဖက်ပါ"

အမျိုးသမီးကြီး၏နူးညံ့သောအသံသည်နောက်ဖြစ်လာမည့်အကျိုးဆက်များကိုကြိုသိနေသည့်အလား စိုးရိမ်ပူပန်နေလေသည် ထိုနောက် ငွေမှုံများအသွင်သို့ပြောင်းလဲသွားကာ ထိုနေရာမှပျောက်ကွယ်သွားလေတော့သည်
အိပ်ပျော်နေသောရွိုင်းသည် သူ၏ချစ်သူလေး၏လက်ကလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်
အိပ်မက်ထဲတွင်လဲ အပြာရောင်နဂါးကြီးသည် အဖြူရောင်လူသားလေးနှင့်
အကြည့်ချင်းဆုံကာ အိပ်မက်ကမ္ဘာလေးသည်လှပနေသောလဲ လက်တွေ့တွင်တော့မသာယာပေ၊ ထိုစဥ်အီသန့်မျက်လုံးသည်ရုတ်တရပ်ပွင့်လာလေသည် သို့သောအမဲရောင်သာဖြစ်နေသောမျက်ဝန်းသည်တစ်မျိုးလှနေလေသေးသည်ထိုနောက်အီသန်သည်သူ့အားကိုင်ထားကာအိပ်ပျော်နေသော
ရွိုင်းအားစောင်းငဲ့ကြည့်လိုက်ကာ  ရွံ့ ရှာသလို ပုံစံဖြင့် ရွိုင်းကိုင်ထားသောလက်အားပြန်ရုတ်လိုက်လျှင့် ရွိုင်းသည်နိုးလာလေသည်နိုးလာချိန်တွင်သူ၏ချစ်ရသည့်ရတနာလေးထ
ထိုင်နေသည်ကိုတွေ့သောအခါနွေဦးပန်းများပွင့်လန်းသလို ကြည်လင်သောအပြုံးဖြင့်ဝမ်းသာအားရ​မေးလိုက်
လေသည်။

"ရတနာလေး သတိရလာပြီလား တော်ပါသေးတယ် အချစ်ရယ် ကိုယ်ရူးတော့မလို့"

ရွိုင်း၏အမေးအား အီသန်သည် အေးစက်စက်ကြည့်ကာ

"မုန်းတယ်"

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now