Chapter-17(Unicode)

573 54 5
                                    

အီသန်သည် မယ်တော်ကြီးပြောသော
အကြောင်းများအား နားထောင်ပြီ
နောက် မိမိရှေ့တွင်ဒူးထောက်ကာ
တောင်းပန်နေသော ရွိုင်းကို
ကြည့်လိုက်လေသည်။

ထိုနောက်ရွိုင်း၏လက်မောင်းအား
ကိုင်ကာ။

"ထပါ ရွိုင်း။ကျွန်တော်မသိလို့ပြောမိတာပါ"

အီသန့်၏အားနာသလိုပြုမှုပြောဆို
သံကြောင့် ရွိုင်းသည်မော့ကြည့်လိုက်ကာ။

"ကိုယ့်ကိုစိတ်မဆိုးဘူး မဟုတ်လားဟင်။"

"ဟင့်အင်း။ ဘာလို့စိတ်ဆိုးရမှာလဲ၊
ခင်ဗျားအမှားမှမဟုတ်ပဲ။
ဒါပေမယ့်၊ ကျွန်တော့်ကို မှတ်ဥာဏ်အကုန်မပြပဲ တစ်ဝက်တစ်ပြတ်ကြီး
ဘာလို့ပြတာလဲ။ "

"ကယ်၊ သားတော်တို့ အေးဆေးပြောကြပါ။ မယ်တော်ပြန်နားပြီ။ "

"ကောင်းပါပြီ။ မယ်တော် "

ထိုနောက် မယ်တော်ကြီးသည် သူမ၏
အထိန်းတော်ကြီးနှင့်အတူ အဆောင်တော်သို့ပြန်သွားလေသည်။

မယ်တော်ကြီးထွက်သွားသည့်အချိန်တွင် ရွိုင်းသည် အီသန့် အား
ကြည့်ကာ။

"နောက်ဆက်တွဲ၊ ဖြစ်ရပ်တွေဟာ
တစ်ခုမှကောင်းတာမရှိလို့၊
ကိုယ် ရတနာလေးကို မသိစေချင်တာ။"

"အကုန်လုံးက အကြောင်းကြောင့်
အကျိုးဖြစ်လာတာ။ ပြီးတော့၊
ကောင်းပါတယ်၊ တစ်ကယ်လဲ
ကျွန်တော်တို့ပြန်ဆုံရပြီလေ။ "

ထိုစကားကြောင့်ရွိုင်းသည်
နားလည်တက်လွန်းသောသူ၏
ချစ်ရသူလေး၏နှာဖူးလေးအား မြတ်နိုးမူအပြည့်ဖြင့် နမ်းလိုက်လေပြီး။

"ကိုယ့်ဆီ ပြန်လာတဲ့ ရတနာလေး
ကြောင့်၊ ကိုယ်အတိုင်းမသိဝမ်းသာရတယ်၊ ကိုယ် နှစ်ပေါင်းများစွာ
မျှော်လင့်နေခဲ့ရတာ။"

"ကျွန်တော်ပြန်ရောက်လာပြီ။
ခင်ဗျားရဲ့ပိုင်ရှင်ကခင်ဗျားဆီပြန်ရောက်လာပြီ။ သိရဲ့လား "

"ဟုတ်တယ်။ ကိုယ်သိတာပေါ့
ကိုယ့်ရဲ့ပိုင်ရှင်လေး။ ပြီးတော့၊
ကိုယ့်အပိုင်ရတနာလေး။ "

"ဒါကြောင့်ထင်တယ်၊ ကျွန်တော်
စရောက်လာထဲက နဂါးမင်းကြီးနဲ့
ရင်းနှီနေသလိုခံစားနေရတာ။"

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now