"ဟုတ်တယ်.....။ဒါနဲ့ ဖယောဇာရောဘာဖြစ်သွားပြီလဲဟင်"
"ငါလား.....။"
ထိုအသံမှာရွိုင်းထံမှမဟုတ်ပေ။
"ဖယောဇာ"
အသံလာရာသို့ လှည့်ကြည့်လိုက်စဉ်
တွင် အီသန်တို့ရှိရာ နေရာ၏
မလှမ်းမကမ်းတွင် ရပ်နေသော
ဖယောဇာ့အားတွေ့ရလေသည်။"ငါဘာဖြစ်ရမှာလဲ...မင်းတို့ဆီလိုက်လာတာပေါ့...ခန္ဓာမရှိတဲ့ ငါ့ကို..
လွယ်လွယ်နဲ့ဖျက်စီးလို့ရမလား။"ဖယောဇာ ထိုသို့ပြောလိုက်လျှင်
အီသန် သည်ရွိုင်းကိုကိုင်ထားသော
လက်အားဖြုတ်ချလိုက်ကာ..
ဖယောဇာရှိရာနှင့်နီးကပ်စွာ
သွားလေသည်။"ရတနာလေး.."
"စိတ်မပူနဲ့ ရွိုင်း..မင်းရဲ့ရတနာလေးကို
ငါအခုမသတ်သေးဘူးလေ"အီသန်သည် တစ်ဖြည်းဖြည်းဖြင့်
ဖယောဇာ့ အနားသို့ ရောက်သွားလေသည်။ရွိုင်းသည်လဲ အီသန် နောက်သို့
လိုက်လာကာ အီသန့်လက်အား
ဆွဲလိုက်လေသည်။"အသိစိတ်ကပ်စမ်း အီသန်"
ရွိုင်း ထိုသို့ပြောနေသောလဲ အီသန်မှာ
ဖယောဇာကိုသာကြည့်နေလေသည်။"အခုချက်ချင်း ညို့ထားတာကို
ဖယ်လိုက်စမ်း""ဘာလို့လဲ..ငါကဒီတိုင်း သူ့ကိုအနီးကပ်မြင်ချင်ယုံပါ..ဘာလို့အရမ်းတုန်ယင်နေတာလဲ ဂရေဟမ်.."
"မင်းရဲ့ကောက်ကျစ်တဲ့အကြံတွေကိုထုတ်နေရာဆိုရင် ပြန်သိမ်းထားလိုက်..
မဟုတ်ရင် . ..ငါကိုယ်တိုင်မင်းကိုအဆုံးသတ်ပေးမယ်။"ရွိုင်းထိုသို့ပြောလိုက်ချိန်တွင် အီသန်သည် မတ်တပ်အနေအထားမှ
ထိုင်ချလိုက်လေသည်။"ရတနာလေး"
"ဘာမှမလုပ်ထားဘူး...။"
"မင်း..ဘာဖြစ်ချင်နေတာလဲ..ငါ့စွမ်းအားကိုပိတ်ထားတာမလား.."
"ဘယ်လိုသိတာလဲ...အယ်ဟုတ်သား၊
ရွိုင်းဂရေဟမ်က..စွမ်းအားတွေရှိနေရင်သူ့အချစ်လေးကို ဒီလိုလုပ်နေတာ
ဒီတိုင်းထိုင်ကြည့်နေမှာမှမဟုတ်တာ...
မေ့သွားတယ်"
YOU ARE READING
𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒
FantasíaThe fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။