"ဖယောဇာ လက်လျှော့လိုက်ပါ။"
ရွိုင်းကထိုသို့ဝင်ပြောလေသည်။
"လက်လျှော့ရမယ်။ ငါလက်လျှော့ရင်မင်းက ဟိုလူသားကိုပြစ်ပြီးငါဆီလာမှာလား။"
ထိုအမေးဟာ ရွိုင်းအဖြေပြန်မပေးခြေ။
"အဟား.....ဟုတ်နေတာပဲ။ ငါသေရင်တောင် မင်းရဲ့ချစ်သူကို ရအောင်ခေါ်သွားမှာ ဒီလိုကြောင့်ငါသေရလဲ
ဖြစ်တယ်။"ထိုသို့ပြောပြီးနောက် ဖယောဇာသည်
သူ၏အသက်အရင်းမြစ်ဖြစ်သော
အမှောင်စွမ်းအင်းအားထုတ်လိုက်လေသည်။ထိုအခါ ဆွစ်ဒန်းမှာ ပြောမရတော့မှန်းသိသည့်အတွက် သူ၏အကိုတော်အား
ထိခိုက်ရန်မဟုတ်သောလဲ
စွမ်းအားပိတ်စို့ချင်း အားထုတ်သုံးလိုက်လေသည်။အကြောင်းမှာ အသက်အရင်းမြစ်စွမ်းအင်ကိုထုတ်သုံးသည်သူသည်
သူကိုယ်တိုင်ကပါ ပျက်စီးနိုင်သောကြောင့်ဖြစ်သည်။ထိုအချိန်တွင်ရွိုင်းသည်စိတ်ဆုံးဖြတ်လိုက်ကာ သူ၏ နဂါးအသွင်သို့ပြန်ယူလျှက် မြေပြင်တစ်ခွင်အား အေးခဲသွားစေခဲ့သည်။
ရေခဲနဂါးမျိုးနွယ်ဝင်မှသာအေးခဲချင်းမှလွတ်မြှောက်မည်ဖြစ်သည်။
ဆွစ်ဒန်း အနားသို့ရေခဲငွေ့များရောက်လာသောအခါ ဂရစ်သည်
သူ၏ရေခဲအမြူတေအား ဆွစ်ဒန်း
ဆီသို့ ပေးဆောင်လိုက်လေသည်။အပြာရောင်အလင်းလုံးလေးသည်
ဆွစ်ဒန်း အနားသို့ရောက်သွားကာ
ဆွစ်ဒန်း၏ရင်ဘတ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ဆွစ်ဒန်းမှာအေးခဲချင်းရန်မှလွတ်မြှောက်သွားလေသည်။
ထိုအခါတွင် ဖယောဇာသည်
အေးခဲချင်းအားခုခံရန် နတ်ဆိုးတို့၏ဘုရင်မှပေးအပ်ထားသော
နောက်ထပ်စွမ်းအားတစ်ခုဖြစ်သည်
အသွင်ပြောင်းဒိုင်းအားဖန်တီးလိုက်လေသည်။အသွင်ပြောင်းဒိုင်းဆိုသည်မှာမိမိလက်ထဲရှိအရာတစ်ခုသည်
ရန်သူဘက်မှတိုက်ခိုက်လာသော
စွမ်းအားအလျှောက် ခုခံနည်းအမျိုးမျိုးဖြင့်ပုံစံပြောင်းသွားသော
စွမ်းအားဖြစ်သည်။ထိုစွမ်းအားကိုထုတ်သုံးလိုက်သည့်အချိန်တွင်တော့သူ၏
အတွင်းအား အနည်းငယ်ကုန်ဆုံးသွားလေသည်။
YOU ARE READING
𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒
FantasyThe fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။