သူ့ကိုလက်မှညှင်သာစွာဆွဲ၍
ထွက်လာသော ရွိုင်းနောက်
အီသန်လိုက်လာရင်းနှင့်
ရွိုင်းသွားနေသောနေရာသည်
မယ်တော်ကြီးနန်းတောင်၏မျက်စောင်း
ထိုးတွင်ရှိသော တံခါးပေါက်သို့
ဦးတည်နေသည်"ရတနာလေး ကိုယ်ဘယ်သွားနေလဲ
စိတ်ဝင်စားလား"ရွိုင်းကသူ့အတွေးများကိုသိသည့်
အလျှောက်ထိုသို့ဆိုလာလေသည်"နဂါးမင်းကြီး ကျွန်တော်ဒီမှာဘာလုပ်ရမှာလဲ ကျွန်တော့်ကိုအရည်ပျော်သွားအောင်မလုပ်ဘူးလား ဟင်"
အီသန့်အမေးကြောင့် ရှေ့မှသွားနေသောရွိုင်း၏ခြေလှမ်းများရပ်သွား
ကာ အီသန့်ဘက်ကိုလှည့်လာပြီး"ဘယ်သူကများ ကိုယ်တန်ဖိုးထားရတဲ့
အရာလေးကို ပျောက်ကွယ်သွား
အောင် လုပ်ပါ့မလဲ"ထိုသို့ပြောပြီး နောက် ရွိုင်းသည်
အီသန့်အား အဓိပ္ပာယ်ဖော်၍မရသော
အကြည့်များဖြင့်ကြည့်နေလေသည်"နဂါးမင်းကြီး ကျွန်တော်မှာမေးစရာ
တွေ အများကြီးရှိတယ် အဲ့တာ""ရောက်တော့မယ် ဟိုးရှေ့ကမြင်နေရတဲ့ ရေကန်ကိုယ်တို့မျိုးနွယ်ရဲ့
တစ်ခုတည်းသော ရေကန်""ရေထဲမှာရေကန်ရှိတာလား"
"ရှိတာပေါ့ ရတနာလေးရဲ့ ကိုယ်တို့တင်မဟုတ်ဘူးအနောက်ပင်လယ်
ရွှေနဂါးတွေ ဆီမှာလဲ တစ်ခုရှိတယ်""အဲ့ရေကန်က ဘာလဲ"
"အင်း A lake that reveals past life loves တဲ့ အတိတ်မှာဖြစ်ခဲ့တဲ့
ချစ်ခြင်းတရားတွေကို ဖော်ထုတ်ပေးတယ် သူ့အနားရောက်သွားတာနဲ့
တစ်နည်းမဟုတ်တစ်နည်း ရောက်လာတဲ့ သူရဲ့ ချစ်ခြင်းနက်နဲမူတွေကို
သူကဖော်ပြပေးလိမ့်မယ်""အတိတ်ပြရေကန်လား"
"မဟုတ်ဘူး အတိတ်တွေကိုပြတာထက်
အတိတ်ဘဝကအချစ်တွေကိုပြတာ""ကျွန်တော် နားမလည်ဘူး"
"အင်း အဲ့ရောက်ရင်သိသွားမှာပေါ့
ရတနာလေးရဲ့ပြီးတော့ ကိုယ့်ကို
မေးချင်တာတွေကိုလဲ မေးလို့ရတယ်""ဟုတ်"
ထိုရေကန်အနီးသို့ရောက်သွားချိန်တွင်
အီသန့်၏စိတ်များသည်လေးလံလာ
သည် တစ်ခုခုကို သတိရချင်ရဲ့သားနှင့်
မေ့နေရသည့်အဖြစ် ဥပမာပေးရ ရင်
တစ်စုံတစ်ခုကိုအိပ်မက် မက်မှန်းသိတယ်သို့ပေမယ့် အိပ်မက်ထဲက
အကြောင်းအရာတွေကို စဥ်းစား၍မရ
အဲ့လိုမျိုးနှင့် အီသန် မျက်ရည်များ
ဝဲလာသည်ကိုရွိုင်းက
YOU ARE READING
𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒
FantasyThe fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။