"ရတနာလေး သူပြောတာနားမယောင်နဲ့ကိုယ်တို့ပြန်ကြရအောင်"
"အင်း"
ရွိုင်းသည်အီသန်အားရင်ခွင်ထဲထည့်ကာတောင်ပင်လယ်ထဲသို့ဝင်ရောက်သွားလေတော့သည်
"နဂါးမင်းကြီးရဲ့အထိမခံရတနာလေး
ပဲ ပိုထိရောက်တာပေါ့"______________________________
အီသန်တောင်ပင်လယ်ကိုပြန်ရောက်ထဲကအတွေးများနေရသည်
အိပ်မက်နတ်ဆိုးဘုရင်က ဘာလို့ဒီလိုတွေပြောသွားရတာလဲ
အီသန် ကသူ့အပေါ်ဘာလုပ်ခဲ့မိလို့
အီသန့်ကိုသတ်မယ်ပြောရတာလဲ
အီသန့် အတိတ်ဘဝမှာတစ်ကယ်ပဲ
ဘာတြွေဖစ်ခဲ့တာလဲ"ရတနာလေး"
အီသန်အတွေးလွန်နေစဉ် နားထဲသို့
နူးညံ့လွန်းသောရွိုင်း၏ခေါ်သံတစ်ခု
ကြားလိုက်ရသောကြောင့်
ထိုင်နေသောနေရာ၏အနောက်ဘက်သို့
လှည့်ကြည့်လိုက်ချိန်တွင်
ရွိုင်းသည် စိုးရိမ်သောအမူရာဖြင့်
အီသန့်ကိုကြည့်နေလေသည်"ရွိုင်း ဘာဖြစ်လို့လဲ"
သူဒီလိုပြောလိုက်တော့ရွိုင်းကသူ့နား
ကိုဖြည်းဖြည်းချင်းလျှောက်လာကာ"ကိုယ် မင်းရဲ့အတွေးတွေကိုကြားနေရတယ် ရတနာလေး စိတ်ချပါ
ကိုယ်ကမင်းကိုကာကွယ်ပေးမှာပါ
ကိုယ်ရှိနေသ၍ မဟုတ်ဘူး ကိုယ်
ပျောက်ကွယ်သွားရင်တောင် ရတနာလေးကိုကာကွယ်ပေးသွားမှာ"ရွိုင်း၏ စကားများသည်အလွန်ကို
ထိရှမူဖြစ်စေသည်"သူကကျွန်တော့်အတိတ်ကိုပြောပြမယ်တဲ့ သူမပြောခင် ခင်ဗျားပြောတာကို
အရင်ကြားချင်တယ် ကျွန်တော်ကသာမာန် မျိုးနွယ်စုတစ်ခုကလူသားပါပဲ
ဘာလို့ နားမလည်နိုင်တဲ့ဖြစ်ရပ်တွေကိုပဲဖြစ်နေရတာလဲ ""ကိုယ့်ကြောင့်ပါ တောင်းပန်ပါတယ်
ကိုယ်မင်းကို ထပ်ပြီးဆုံးရှုံးလို့မဖြစ်ဘူး""ပြောပြပါ ကျွန်တော်တို့ဘာဖြစ်ခဲ့တာလဲ"
အီသန်ဒီလိုပြောလိုက်ချိန်တွင်ရွိုင်းသည် သူ့လက်ထဲတွင်အသင့်ရှိသောဆေးလုံးတစ်ခုကိုပေးလာသည်
"ဒါက မင်းရဲ့အတိတ်ကိုပြန်ပြလိမ့်မယ်
ရတနာလေး အားလုံးသိသွားတဲ့အချိန်
ကိုယ့်ကိုမမုန်းပါနဲ့"
YOU ARE READING
𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒
FantasyThe fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။