Chapter-9(Unicode)

862 80 0
                                    

{chapter-6အဆက်}

သည်နေ့တွင်အီသန်ဘရွန်းဒက်သည်
ရွိုင်း၏မယ်တော်ကြီးနန်းဆောင်တွင်ရောက်နေလေသည်
ရွိုင်းက တောင်ပင်လယ်နယ်နိမိတ်ထဲ
ဝင်လာသော မိစ္ဆာများအားသွားရောက်
တိုက်ခိုက်နေလေသည်
မသွားခင်ထဲကအီသန့်အား
မယ်တော်ကြီးနန်းဆောင်ထဲသို့ပို့ထား
လေသည် ပြီးတော့မှာသွားသည်က

"ကိုယ် ပြန်မလာမချင်း မယ်တော့်
နန်းဆောင်ထဲကမထွက်နဲ့ ကိုယ်ပြန်လာရင်လာခေါ်မယ်နော် ရတနာလေး"

တဲ့ အခုတော့အီသန်ကမယ်တော်ကြီး
နန်းဆောင်ထဲတွင် ထိုင်နေရလေသည်
အီသန်ပျင်းနေတာကိုသိသောမယ်တော်ကြီးသည်

"သား  ပျင်းနေတယ်ဆို မယ်တော့်ကို
မေးချင်တာမေးလို့ရတယ်ကွယ်
သားတော်ရွိုင်းက ကြာအုံးမယ်ထင်တယ်"

မယ်တော်ကြီး၏ပြောစကားကြောင့်
အီသန့်မျက်နှာလေးဝင်းသွားလေသည်
အီသန် နဂါးတွေအကြောင်းသေချာ
မသိသေးဘူး ပြီးတော့တောင်ပင်လယ်
ရဲ့အကြောင်းရောပဲ

"ဟုတ် မယ်တော်ကြီး ကျွန်တော့်ကို
တောင်ပင်လယ်ရဲ့နဂါးတွေအကြောင်းပြောပြနိုင်မလား
ကျွန်တော်ကလူသားဖြစ်ပြီး
နဂါးပြည်ရောက်နေရတာဆိုတော့
သိသင့်တယ်ထင်လို့ပါ"

အီသန့်အမေးကြောင့်မယ်တော်ကြီးက
တစ်ချက်ပြုံးကာ

"ဟုတ်တာပေါ့ မယ်တော်ကပြောပြမှာပေါ့ကွယ်

သားတော်ရွိုင်းရဲ့ခမည်းတော်က
အရှင်ဖီလီယက်(ficထဲတွင်စစ်နတ်ဘုရားအဖြစ်ထည့်သွင်းထားသောသူ၏နာမည်ဖြစ်သည်
တစ်နည်းအားဖြင့်ဒီficထဲမှာစစ်နတ်ဘုရားရဲ့နာမည်က ဖီလီယက်)ရဲ့
ယုံကြည်ရတဲ့စစ်နဂါးတစ်ကောင်ဖြစ်ခဲ့ဖူးတယ် အရှင်ဖီလီယက်ရဲ့စစ်ပွဲတိုင်းမှာ သားတော်ရွိုင်းရဲ့ခမည်းတော်က
လိုက်ပါဆင်နွှဲရတယ်
သူကသတ္တသုခနဂါးအနွယ်ဝင်ဖြစ်တယ်လေတောင်ပင်လယ်ရဲ့မျိုးနွယ်တွေကတစ်ခုနဲ့တစ်ခုမတူကြဘူး
သူ့ခမည်းတော်ကသတ္တသုခ(ကိုက်လျှင်လူ၏အသားကို မိုးကြိုးပစ်သကဲ့သို့ကြေမွသွားစေနိုင်သည့်အစွမ်းသတ္တိရှိသောနဂါး)အနွယ်ဝင်ဆိုပေမယ့် သားတော်ရွိုင်းကဝါတတိသ(ဝါတတိသနဂါး၏နှာခေါင်းမှလေမှုတ်ရုံနှင့်တစ်ဖက်သူအဆိပ်သင့်စေသည့်အစွမ်းသတ္တိရှိသောနဂါးမျိုး) အနွယ်ဝင်ဖြစ်နေတယ် သူ့ခမည်းတော်က
အရှင်ဖီလီယက်နဲ့အတူ တိုက်ပွဲဝင်ရင်းသေဆုံးသွားခဲ့တယ်
မယ်တော်ကတော့ ဒဌဝိသ(ထိုနဂါးကိုက်လျှင်အဆိပ်သင့်တက်သောအစွမ်းသတ္တိရှိသည်)အနွယ်ဝင်ဖြစ်တယ် မယ်တော်ကတောင်ပင်လယ်မှာမွေးဖွားတာမဟုတ်ဘူးလေ
သားတော်လေးလဲသိမှာပါ မယ်တော်ကရေခဲနဂါးမျိုးနွယ်မဟုတ်ဘူးဆိုတာ
ရွှေနဂါးတစ်ကောင်ကရေခဲနဂါးတစ်ကောင်ကိုယူမိလို့မယ်တော်ကို့မျိုးနွယ်ကနှင်ထုတ်လိုက်ကြတယ်
ဒါပေမယ့်သားတော်ရွိုင်းရဲ့ခမည်းတော်
က သူ့ရဲ့အမြူတေကိုမယ်တော့်
ကိုထည့်ပေးပြီး တောင်ပင်လယ်မှာအသက်ရှင်စေတယ်"
(ရေခဲနဂါးမျိုးနွယ်ရှိသောတောင်ပင်လယ်တွင် တစ်ခြားမျိုးနွယ်စုများ
ကြာကြာအသက်ရှင်လို့မရပေ
သို့သော် ရေခဲနဂါးတစ်ကောင်၏
အမြူတေ ရှိလျှင်တော့ နေထိုင်နိုင်လေသည် အမြူတေ ပိုင်ရှင်သည်လဲ
အမြူတေ ပေးလိုက်ရသောလဲ
ရေခဲနဂါးမျိုးနွယ်ဝင်ဖြစ်သောကြောင့်
အမြူတေမရှိပဲအသက်ရှင်နိုင်လေသည် သို့သော် စွမ်းအင်၏20ရာခိုင်နူန်းအားနည်သွားလိမ့်မည်)

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now