Chapter-10(Unicode)

873 102 2
                                    

တောင်ပင်လယ်အထက်ရှိကောင်းကင်၏တစ်နေရာတွင်
အပြာရောင်နဂါးကြီးတစ်ကောင်သည်
သူ၏အတောင်ပံများကို ဖြန့်ကာ
အောက်ဘက်ရှိ အနက်ရောင်
အရိပ်တစ်စုကို သူ၏ပါးစပ်မှရေခဲငွေ့များလွှတ်ထုတ်နေလေသည်
အလွန်အရှိန်ပျင်းလှသောရေခဲငွေ့များ
ကြောင့် အောက်ရှိ အနက်ရောင်အရိပ်တစ်စုသည် တိမ်များကွဲများသလိုး
ဟိုတစ်စသည်တစ်စဖြင့်ဖြစ်နေလေသည် ထိုအခါကောင်းကင်ရှိအပြာ
ရောင်နဂါးကြီးသည် သူ၏သြရှခက်ထန်သောအသံတစ်စုံဖြင့်

"မင်းတို့လို ကပ်ပါးလေးတွေက
တောင်ပင်လယ်ကိုနှောင့်ယှက်ချင်နေ
တာ မင်းတို့ခေါင်းဆောင်ကရော
ဘာလို့ပါမလာတာလဲ"

ထိုအပြာရောင်နဂါးကြီးကထိုသို့မေးလိုက်ချိန်တွင်မြေပြင်ပေါ်ရှိ
အနက်ရောင်မီးခိုးများစုနေသလို
ထင်နေသည့် အရာမှ
အလွန်ကို နားထောင်ရဆိုးသော
ဝူးဝူးဝါးဝါး အသံတစ်ခုဖြင့်

" ရွိုင်းဂရေဟမ် မင်းကိုမင်း ဟုတ်လှပြီ
ထင်မနေနဲ့ တောင်ပင်လယ်ထဲ
လူသားလေးတစ်ယောက်ရောက်လာတယ်ဆိုတာ ငါတို့ခေါင်းဆောင်ကသိထားပြီးပြီ ငါတို့ကိုနိုင်ရုံနဲ့ ဟုတ်လှပြီ
ထင်နေတာလား "

ထိုစကားကြောင့် အပြာရောင်နဂါးကြီးသည်ထပ်၍ ပါးစပ်မှရေခဲငွေ့ပျင်းပျင်း
များကို အောက်ဘက်ရှိမိစ္ဆာများထံသို့
မှုတ်ထုတ်လိုက်ချိန်တွင်
ထိုမီးခိုးငွေ့များသည် တစ်စချင်းဆီ
လွင့်ထွက်သွားကြလေသည်

သို့သော နောက်တွင်ထွက်လာသော
အသံတစ်ခုသည်

"ရွိုင်း ရွိုင်း တောင်ပင်လယ်ရဲ့နဂါးမင်းကြီးက ဒီလိုကျတော့လဲ
ပါးနပ်တဲ့နည်းလမ်းနဲ့အဆုံးမသတ်တော့ပဲ စိတ်လိုက်မာန်ပါ ဖြစ်နေပြီပဲ"

ထိုစကားကြောင့် ရွိုင်းသည်
အပြာရောင်နဂါးအသွင်မှ ခန့်ညားသော
အမျိုးသားအသွင်သို့ပြောင်းလိုက်
ကာ

"ဆွစ်ဒန်း အဟမ်း မင်းကိုမင်း
တစ်ခါနိုင်ဖူးတာတယ်ဆိုပြီး
လေကျယ်နေတာပဲ မင်းဘယ်သူ့
အကူညီနဲ့ စွမ်းအားတိုးလာတာလဲ
သိတယ်မလားမင်းကိုစွမ်းအားတိုးအောင်လုပ်ပေးခဲ့တဲ့ နတ်ဆရာကို
ငါသတ်ပြီးပြီ ဆိုတာလဲသိတယ်မလား"

 𝐀 𝐕𝐈𝐒𝐈𝐓 𝐓𝐎 𝐓𝐇𝐄 𝐋𝐀𝐍𝐃 𝐎𝐅 𝐃𝐑𝐀𝐆𝐎𝐍𝐒Where stories live. Discover now