အမုန်းလွန်ချစ်မေတ္တာ(part1)

827 29 0
                                    

ဆေးရုံထဲသို့လျင်မြန်စွာပြေး၀င်သွားသောလူတစ်ယောက်...သူ၏မျက်လုံးများမှာလဲ၀မ်းနည်းပူဆွေးမှုတိူ့ဖြင့်ပြည့်နှက်နေခဲ့သည်။
ထိုလူရဲ့မျက်လုံးတွေကဒီလောက်တောင်၀မ်းနည်းပုံထောက်ရင်သူ၏ရင်ထဲမှာဘယ်လောက်တောင်၀မ်းနည်းပြီးနာကျင်နေမလဲဆိုတာ....

၀ုန်း!!!

''အကိုလေး...''မင်းထက်ရဲ့ခေါ်သံကိုသူမကြားပိတ်ဖြူအုပ်ထားသောအလောင်းကိုသာမျက်တောင်မခတ်စိုက်ကြည့်နေခဲ့သည်။

''ဒီအလောင်းကနန်းမြမဟုတ်ဘူးမလား...''အကိုလေးအခုထိမယုံကြည်နိုင်သေးဘူးဆိုတာမင်းထက်နားလည်သည်။

အဖြစ်ပျက်တွေကမြန်ဆန်လွန်းတာကြောင့်အကိုလေးယုံကြည်ဖို့ခက်ခဲလွန်းလှသည်။

''အကိုလေး..ဒီအလောင်းကမမလေးအလောင်းပါ...''အကိုလေးဟာမယုံကြည်နိုင်သောမျက်လုံးတို့ဖြင့်ကျနော်အားစိုက်ကြည့်နေခဲ့သည်။နောက်တော့အလောင်းကိုယ်ပေါ်မှာပိတ်ဖြူစကိုဖယ်ချလိုက်တော့...အကိုလေးမျက်ရည်များကျကာနာကျင်စွာအော်ဟစ်တော့သည်။

''မဟုတ်ဘူး..မဟုတ်ဘူး..ညီမလေးအလောင်းမဟုတ်ရဘူး...အား...ညီမလေး...''အခန်းထဲတွင်အလောင်းဘေးနားငိုကြွေးနေသောမဟာတစ်ယောက်စိတ်အစဥ်ကင်းလွတ်နေခဲ့လေသည်။

အားရအောင်ငိုပြီးတော့မဟာတစ်ယောက်အခန်းပြင်သို့ထွက်သွားလေသည်။မင်းထက်အကိုလေးကိုစိုးရိမ်တာကြောင့်အနောက်မှာလိုက်ပါလာခဲ့လေသည်။

''အကိုလေး...''

''မင်းထက်နန်းမြသေသွားရတဲ့အကြောင်းရင်းမှန်ကိုငါသိချင်တယ်...မင်းသေချာစုံစမ်းပေး...''

''ဟုတ်ကဲ့အကိုလေး..''အကိုလေးဟာကျနော့်အားအမိန့်ပေးပြီးချက်ချင်းထွက်သွားလေသည်။

မဟာစီးကရက်ကိုတစ်ရှိုက်နှစ်ရှိုက်ဖွာကာတံတားအောက်ရှိမြစ်ထဲသို့မပစ်ချလိုက်လေသည်။နောက်တော့အခိုးအငွေတွေကိုလေထဲသို့မှုတ်ထုတ်လိုက်လေသည်။

''လွှတ်...တေးကိုလွှတ်..ကယ်ကြပါအုန်း...ကယ်ကြပါအုန်း...''

ရုန်းရင်ဆန်ခတ်ဖြစ်နေသောလူတစ်စုကြောင့်နဂိုကတွန့်ချိုးနေသောမျက်ခုံးများဟာပို၍တွန့်ချိုးသွားရသည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now