အမုန်းလွန်ချစ်မေတ္တာ(part11)

477 16 0
                                    

မနက်၇နာရီထိုးတော့မဟာအိမ်တော်ကိုပြန်ဖို့ပြင်ဆင်လေသည်။

''အကိုလေးအမုန်းတေးကိုဒီမှာဘဲထားခဲ့မှာလား..''

''အင်းအဲလိုဘဲလုပ်ရတော့မှာပေါ့..မြတ်ငါနဲ့အမုန်းတေးလက်ထပ်ထားတာကိုသိသွားရင်သူမခံစားရလိမ့်မယ်..မင်းလည်းအမုန်းတေးအကြောင်းကိုမြတ်အရှေ့မှမပြောမိစေနဲ့ကြားလား.''

''ဟုတ်ကဲ့အကိုလေး..''

''ငါသွားတော့မယ်..အမုန်းတေးနိုးလာရင်အိမ်ထဲအိမ်ပြင်သန့်ရှင်းရေးလုပ်ဖို့ပြောထားလိူက်သူမငါဘယ်သွားလဲမေးရင်အပြင်သွားတယ်လို့ပြော...ညနေပြန်လာရင်အကုန်ပြီးတာမြင်ချင်တယ်လို့ပြောထား...မင်းဒီမှာဘဲနေခဲ့ပြီအမုန်းတေးကိုသေချာစောင့်ကြည့်ထား..''

''ဟုတ်ကဲ့စိတ်ချအကိုလေး..''

''အေးမင်းကိုငါယုံတယ်..သွားပြီးမင်းထက်''

အကိုလေးကားခြံထဲမှထွက်သွားတော့မင်းထက်အမုန်းတေးအတွက်မနက်စာကိုပြင်ဆင်တော့သည်။

*အကိုလေးအမုန်းတေးအပေါ်မှာစစ်မင်းလွင်ကြောင့်မုန်းနေပေမယ့်အကိုလေးမျက်လုံးတွေကအမုန်းတေးအပေါ်မှာမေတ္တာနောင်ဖွဲ့နေပြီးဆိုတာကျနော်တွေ့ခဲ့ရတယ်...*

အိပ်ယာကနိုးလာတော့ဘေးနားမှာဦးရဲ့အရိပ်ယောင်ကိုမတွေ့ရတာကြောင့်တေးရင်ထဲမကောင်းဖြစ်မိသွားသည်။

*ဦးတေးကိုအဲလောက်တောင်မုန်းတီးနေတာလားဦးရယ်...*

တေးကုတင်ပေါ်ကဆင်းဖို့လုပ်ပေမယ့်အောက်ပိုင်းနာကျင်မှုဒဏ်ကြောင့်မထနိုင်ခဲ့ပေ။

''အာ့...''

တေးရဲ့ညီမလေးကိုကြည့်လိုက်တော့ရောင်ကိုင်းနေလေသည်။

အိပ်ယာခင်းမှာလည်းသွေးတွေစွန်းထင်းနေခဲ့သည်။

တေးထိုအရာတွေကိုမြင်ပြီးမျက်ရည်ကျမိသွားသည်။

*အမုန်းတေးနင်မငိုရဘူး..နင်ဦးကြောင့်မျက်ရည်မကျရဘူး...ဒါဟာနင့်ရဲ့၀ဋ်ကြွေးကြောင့်ဘဲ..နင်မငိုရဘူး..*

တေးစိတ်ထဲကနေတင်းခံနေပေမယ့်မျက်ရည်များဟာမျက်၀န်းအိမ်မှပါးပြင်ပေါ်သို့ကျဆင်းလာခဲ့သည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now