မယ်ဒီနေ့ဆေးရုံကဆင်းတော့ကိုရိုင်းနဲ့မမလွန်းကလာကြိုပေးလေသည်။
မယ်တစ်ယောက်သောသူကိုတော့မျှော်နေမိခဲ့သည်။သို့သော်သူရောက်မလာခဲ့ပါ။
စိတ်ဆိုး၍မတွေ့ချင်ဘူးပြောနေသော်လည်းနှလုံးသားလေးဟာချစ်ရသူကိုတမ်းတနေခဲ့သည်။
''မယ်ညီမလေးသွားရအောင်လေဘာတွေတွေးနေတာလဲ''
''ဘာမဟုတ်ပါဘူးမမသွားရအောင်...''
ဆေးရုံကနေထွက်လာတော့စကြ်လမ်းမှာမယ့်အားလူတစ်ယောက်မတော်တဆတိုက်မိသွားလေသည်။
ဘုတ်!!''အာ့...''
''ဟယ်မယ်..ရရဲ့လား..ဒီမှာရှင်ဘယ်လိုလမ့်လျှောက်လာတာလဲ..''
''တောင်းပန်ပါတယ်...''
ထိုဦးထုပ်ဆောင်းထားတဲ့လူဟာချက်ချင်းတောင်းပန်ပြီးထိုနေရာမှထွက်သွားလေသည်။
မယ်အားမလွန်းကတွဲပြီးကားဆီသို့ထွက်လာခဲ့လေသည်။
ဆေးရုံအပြင်ကနံရံထောင့်မှာသူတို့ကိုစောင့်ကြည့်နေသောမျက်၀န်းတစ်စုံ...
''ဟက်!!ရှင်တော်မယ်...မင်းနဲ့ငါမရှင်းရသေးတဲ့အကြွေးတွေငါပြန်လာယူပြီး''
ထိုမိန်းကလေးဟာဦးထုပ်ကိုပြန်ဆောင်းပြီးထိုနေရာမှာထွက်သွားလေသည်။
ရိုင်းတို့အိမ်ကိုရောက်တော့မယ့်ကိုဧည့်ခန်းထဲသို့ခေါ်လာပြီးဒယ်ဒီနဲ့မိတ်ဆက်ပေးကာအကျိုးအကြောင်းပြောပြလေသည်။
''အင်းဒါဆို..ဦးလေးတို့အိမ်မှာဘဲနေပါကွယ်..သမီးမှာကိုယ်၀န်ကြီးနဲ့တစ်ယောက်ထဲဆိုအဆင်မပြေနိုင်ဘူးလေ''
''ဟုတ်ကဲ့အန်ကယ်...''
''လှလှညီမလေးမယ်နဲ့အဖော်နေပေးနော်..လာမယ်မမမယ်နေရမယ့်အခန်းကိုလိုက်ပြမယ်...''
ရိုင်းတို့မယ်ဒီမှာနေရအောင်ကြိုတင်ပြီးအစေခံတွေအားအခန်းတစ်ခန်းကိုသေချာရှင်းလင်းခိုင်းထားသည်။
မယ်ကကိုယ်၀န်နဲ့ဆိုတော့အောက်ထပ်မှာပင်အခန်းပေးထားခဲ့သည်။
ရိုင်းသူမတို့ထွက်သွားတော့ခြံထဲဆင်းကာခန့်ဆီသို့ဖုန်းဆက်လိုက်သည်။
YOU ARE READING
ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာ
RomanceTransman ❤ girl နာကျည်းမှုလွန်ကဲနေတဲ့အမုန်းဆိုတဲ့နှောင်ကြိုးမျှင်ကိုဖြတ်တောက်ပစ်ခဲ့မယ်ဆိုရင်..ဦးမုန်းနေတဲ့တေးဟာဦးသိပ်ချစ်ရတဲ့တေးဖြစ်လာမယ်ဆိုတာတေးယုံကြည်တယ်ဦး... အထင်လွဲပြီးမုန်းတီးနေရာကနေချစ်မိသွား ခဲ့သောမဟာတစ်ယောက်အမုန်းတေးကိုအချစ်စစ်အချစ်မှန်နဲ့တက...