ငြိုးအိမ်ကိုပြန်ရောက်လာတော့မယ့်အခန်းဆီသို့သွားကာတံခါးခေါက်လိုက်လေသည်။
ဒေါက်..ဒေါက်..ဒေါက်..
''မယ်..မယ်..နိုးပြီးလား..''
မယ်စောင်ခေါက်နေတုန်းတံခါးခေါက်သံကြောင့်ဘယ်သူလဲဟုမေးမည်အပြုထိုလူ့အသံကြောင့်ဘာမှမပြောဘဲငြိမ်နေလိုက်သည်။
ခနကြာတော့သူ့အသံတိတ်သွားခဲ့သည်။
မယ်သူပြန်ခေါ်မလားစောင့်နေမိသည်။
သိူ့သော်ခေါ်သံမကြားရပေ။မယ်ခေါ်သံမကြားရတော့လူကစိတ်ထဲမကျေနပ်ကာတံခါးဆီသို့ခြေလှမ်းလာခဲ့သည်။
ငြိုးသူမမဖွင့်ပေးတာကြောင့်တံခါးရှေ့မှာပင်မတ်တပ်ရပ်နေမိသည်။
ခနနေတော့သူမတံခါးဖွင့်လာသည်။ငြိုး၀မ်းသာသွားကာသူမကိုပွေ့ဖက်လိုက်သည်။
''ဘာလုပ်တာလဲလွှတ်...''
''ဆောရီးမယ်..ကို့ကိုတံခါးဖွင့်ပေးလို့၀မ်းသာသွားတာပါ...မယ်အဆင်ပြေရဲ့လားဟင်''
''ခနကပြေအခုမပြေတော့ဘူး..''
''မယ်ရယ်..ကို့ကိုဘယ်ချိန်ထိမုန်းနေမှာလဲ..''
''ကမ္ဘာတည်သရွေ့ဘဲ..''မယ်ထိုသူအားပြောပြီးတံခါးကိုဆောက်ပိတ်လိုက်သည်။
မယ်အခန်းထဲကိုရောက်မှဘဲပြုံလိုက်မိသည်။
*မယ့်ကိုတယောက်ထဲထားခဲ့လို့အခုလိုအပြစ်ပေးတာခံနိူင်ရင်ခံပေအုန်းတော့ကိုမုန်းငြိုးမာန်ရေ...ဟွန့်*
ငြိုးမယ့်စကားကြောင့်ရင်ထဲနာကျင်သွားရသည်။
ပူလောင်လွန်းတဲ့အချစ်ကို၀ေး၀ေးရှောင်နေကာမှသူမကိုမှငြိုးချစ်မိသွားခဲ့သည်။
ပူလောင်ပြီးနာကျင်ရတဲ့ဒီချစ်ခြင်းတွေဟာသူမကြောင့်ဖြစ်တည်လာခဲ့တာဆိုရင်ငြိုးကျေကျေနပ်နပ်ကြီးခံယူပါ့မယ်...
........
နေ့လည်ထမင်းစားချိန်မှာအတ္တရာဟိုတယ်ကဟင်းတွေမစားချင်တာကြောင့်ဆိုင်တစ်ဆိုင်သို့၀င်လာခဲ့သည်။
''အမဘာများသုံးဆောင်မလဲဗျ''
''ပင်လယ်စာအစုံနဲ့ထမင်းတစ်ပွဲ..အုန်းရည်ပါပေးပါနော်...''
YOU ARE READING
ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာ
RomanceTransman ❤ girl နာကျည်းမှုလွန်ကဲနေတဲ့အမုန်းဆိုတဲ့နှောင်ကြိုးမျှင်ကိုဖြတ်တောက်ပစ်ခဲ့မယ်ဆိုရင်..ဦးမုန်းနေတဲ့တေးဟာဦးသိပ်ချစ်ရတဲ့တေးဖြစ်လာမယ်ဆိုတာတေးယုံကြည်တယ်ဦး... အထင်လွဲပြီးမုန်းတီးနေရာကနေချစ်မိသွား ခဲ့သောမဟာတစ်ယောက်အမုန်းတေးကိုအချစ်စစ်အချစ်မှန်နဲ့တက...