အမုန်းလွန်ချစ်မေတ္တာ(part9)🚨🚨🚨

861 21 0
                                    

တေးတစ်ရေးနိုးလာတော့အိပ်ခန်းတစ်ခုထဲကိုရောက်နေတာကိုသိရလေသည်။တေးချက်ချင်းထထိုင်လိုက်ပြီးစိမ်းသက်သောအငွေ့သက်တွေနဲ့ပြည့်နှက်နေတဲ့အခန်းကိုလိုက်လံကြည့်ရှုနေမိသည်။

ချပ်!!

တံခါးဖွင့်သံကြားလိုက်ရတာကြောင့်တေးမျက်လုံးတို့ကတံခါး၀ဘက်ကိုရောက်သွားလေသည်။ဦးပင်...အပေါ်ပိုင်းဗလာနဲ့ဦးကတေးအားမျက်မှောင်ကျုံ့ကာကြည့်လာသည်။

''အမုန်းတေးမင်းငါ့စားပွဲနားမှာဘာလုပ်နေတာလဲ...''

''ရှင်...တေးလိုက်ကြည့်နေတာပါဦး..''

''မင်းနဲ့မဆိုင်ရင်ဘာမှမထိတာကောင်းတယ်..မင်းတို့လိုအောက်တန်းစားကငါ့ပစ္စည်တွေနဲ့မတန်ဘူးနားလည်လား...''

''ဦး!!!တေးကိုအဲလိုမပြောပါနဲ့..ဦးပြောသလိုတေးတို့ကအောက်တန်းစားမဟုတ်ဘူး..''

''မင်းအကိုငါ့ညီမကိုမုဒိန်းကျင့်ပြီးသတ်ပစ်ခဲ့တာလေမင်းအကိုကမုဒိန်းကောင်ဆိုတာမင်းသိလား..မင်းအကိုလိုအောက်တန်းကျတဲ့စိတ်ဓာတ်မင်းဆီမှာလဲရှိနေမှာပေါ့..ဟက်..''

''တော်တော့!!!တေးကိုပြောချင်ရင်ပြောပါအကို့ကိုမပြောပါနဲ့...တေးကိုဦးမကျေနပ်ဘူးမလား..တေးကိုကြိုက်တာလုပ်လိုက်!!သတ်ချင်ရင်လည်းသတ်ပလိုက်...''

မဟာသူမလည်ပင်းကိုဆွဲညစ်ကာ''မင်းသေလို့မရသေးဘူး..မင်းအကိုလုပ်ခဲ့တဲ့အပြစ်တွေအတွက်မင်းပြန်ပေးဆပ်ရမယ်အမုန်းတေး..''

''တေးအကိုအတွက်တေးပြန်ပေးဆပ်မှာပါဦး...''

''ဟက်..အလိုက်သိတော့ငါ့အတွက်ပိုကောင်းတာပေါ့..မင်းထက်''

''ဗျာအကိုလေး...''

''ရှေ့နေရောက်ပြီးလား..''

''ဟုတ်ကဲ့ရောက်ပါပြီးအကိုလေး...''

''အမုန်းတေးစားပွဲပေါ်မှာတင်ပေးထားတဲ့သေတ္တာထဲကအ၀တ်စားကို၀တ်ပြီးဆင်းလာခဲ့ငါမင်းကိုအချိန်၁၅မိနစ်ပေးမယ်...''

ဦးကအမုန်းတေးအားလွှတ်ပြီးအခန်းထဲမှထွက်သွားလေသည်။

တေးမှာတော့ဦးထွက်သွားပြီးနောက်ရေချိုးရန်အတွက်ရေချိုးခန်းထဲရှိရေပန်းအောက်တွင်ရေချိုးလိုက်လေသည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now