အမုန်းလွန်ချစ်မေတ္တာ(part23)

475 14 0
                                    

၃လခန့်ကြာပြီးနောက်

''အာ့..ဟင့်..နာတယ်..အမေ့..အား''

''မမလေးဆေးရုံရောက်တော့မှာပါခနသည်းခံပေးနော်..''

''အာ့..အမေ့..''

တေးမှာမီးဖွားခံနီးအော်ကာဟစ်ကာနဲ့ဆေးရုံသို့ရောက်လာခဲ့လေသည်။

''အရေးပေါ်မီးဖွားလူနာပါလာတယ်တွန်းလှည်းယူပေးကြပါ''

ဆေးရုံကိုရောက်တော့သူနာပြုများကလှည်းစင်ယူပြီသူမကိုလှည်းပေါ်တင်ကာခွဲခန်းထဲသို့ခေါ်ဆောင်သွားလေသည်။

''အား..အမေ့နာတယ်..''

''ညီမရေညှစ်ထား..ထွက်တော့မယ်ညှစ်ထားနော်..''

''အားအမေ့..နာတယ်..ညှစ်လို့မနိုင်ဘူး..အား''

''ဆရာမလူနာကိုခွဲမွေးခိုင်းမှဖြစ်မယ်..''

''ခွဲမွေးဖို့ပစ္စည်ကိရိယာတွေအဆင့်သင့်ပြင်''

''ဟုတ်ကဲ့ဆရာမ''

ဆရာ၀န်မကြီးကဘေးနားလက်ထောက်ဆရာ၀န်တွေအားအမိန့်ပေးပြီးနောက်ခွဲမွေးဖို့ကြိုးပမ်းတော့သည်။

မင်းထက်၀ေးကွာလွန်းတဲ့ရွာငယ်ဆီကနေအကိုလေးအားပြန်ရှာတွေ့ပြီးခေါ်ယူလာခဲ့လေသည်။

ယခုမင်းထက်တို့မြို့နဲ့အလွန်၀ေးလန်ခေါင်ခိုက်သောရွာငယ်ဆီကနေပြန်လာခဲ့တာ၂လပင်ကြာမြင့်ခဲ့သည်။နယ်တွေမြို့တွေမှာညအိပ်ပြီးမှမြို့ကိုရောက်လာခဲ့လေသည်။

(အပြင်မှာတော့ရှိချင်မှရှိမှာနော်)

ရောက်လာချင်းဘဲအိမ်တော်ထိန်းစိုးစံကအမုန်းတေးကလေးမီးဖွားဖို့ဆေးရုံသို့ရောက်သွားကြောင့်မဟာ့အားပြောပြလိုက်လေသည်။

မဟာ၀မ်းသာသွားကာသူမရှိရာဆေးရုံသို့အလျင်မြန်ပြေးလာခဲ့လေသည်။

''ဆရာမ..ဆရာမ..ကျနော်ဇနီးအမုန်းတေးမီးဖွားတယ်ဆိုအခုသူမဘယ်အခန်းမှာလဲ''

''အပေါ်ထပ်vipအခန်းxxxမှာပါ..''

''ကျေးဇူးနော်ဆရာမ..''မဟာ့အလျင်အမြန်အပေါ်ထပ်သို့ပြေးတက်သွားလေသည်။

သူမရှိရာအခန်းတံခါးကိုတွန်းဖွင့်လိုက်သောမမြင်တွေ့ခဲ့ရတာအတော်ကြာပြီးဖြစ်တဲ့သူမမျက်နှာကိုမဟာမြင်တွေ့ရလေသည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now