အမုန်းလွန်ချစ်မေတ္တာ(part12)

417 19 0
                                    

ရိုင်းလွန်းရှိရာအခန်းဆီသို့ရောက်တော့တံခါးခေါက်ပြီးအသံပြုလိုက်လေသည်။

''ဒေါက်..ဒေါက်..ဒေါက်..မလွန်းပြီးပြီးလား''

လွန်းအခန်းထဲမှာပြင်ဆင်နေတုန်းရိုင်းအသံကြောင့်ချက်ချင်းမှန်တင်ခုံမှထိုင်ကာတံခါးသွားဖွင့်ပေးလေသည်။

တံခါးပွင့်လာတော့ရိုင်းခနတာမှင်သက်သွားမိသည်။

ကြက်သွေးရောင်မြန်မာ၀မ်းဆက်နဲ့လှပနေသောမလွန်းကိုကြည့်ပြီးရိုင်းအံ့သြနေမိသည်။

''ရိုင်းအဲလိုကြီး..မကြည့်နဲ့လေ...''

ရိုင်းမျက်တောင်မခတ်ဘဲလွန်းအားကြည့်နေတာကြောင့်ရှက်လာကာရိုင်းအားမကြည့်ဖို့ပြောလိုက်သည်။

''အို..ဆောရီး...မလွန်းအဆင်သင့်ဖြစ်ရင်သွားကြရအောင်...''

ရိုင်းသူမနဲ့မျက်နှာချင်းဆိုင်ပြီးပြောကာရှေးဦးစွာပင်ထွက်သွားလေသည်။

လွန်းမှာတော့ရိုင်းသူမအားခနတာကြည့်ပြီးထွက်သွားတာကြောင့်စိတ်အလိုမကျဖြစ်ကာရိုင်းနောက်သို့ဆောင့်ကြီးအောင့်ကြီးနဲ့လိုက်လာခဲ့လေသည်။

အိမ်ပြင်ကိုရောက်တော့ရိုင်းကကားစက်နှိုးကာသူမကိုစောင့်နေလေသည်။

လွန်းကားထဲကိုမျက်နှာဆူပုတ်ပုတ်နဲ့၀င်လာတော့ရိုင်းသူမဘက်ကိုလှည့်လာပြီးသူမအနားကိုတိုးကပ်လာတာကြောင့်လွန်းအသက်ကိုအောင့်ထားတော့သည်။

ရိုင်းသူမရဲ့ပုံစံကိုကြည့်ပြီးပြုံးသွားလေသည်။

လွန်းသူမကိုတစ်ခုခုလုပ်မည်အထင်နဲ့မျက်လုံးမှိတ်ထားပေမယ့်ရိုင်းကသူမကိုခါးပတ်ကြိုးပတ်ပေးပြီးအနောက်သို့ဆုတ်သွားလေသည်။

*မိလွန်းနင်သူ့ဆီကဘာတွေမျှော်လင့်နေတာလဲ.
နင့်အတွေးတွေကိုရပ်လိုက်..*

ရိုင်းကတော့ပြုံးစိစိနဲ့သူမကိုစကားစလာသည်။

''မလွန်းဒီနေ့အရမ်းလှတယ်...''

''ရှင်...အော်ဟုတ်..''

''ကျနော်တို့ဆေးခန်းသွားပြီးရင်တစ်ခုခုသွားစားကြမလား...ရင်းနှီးတဲ့အနေနဲ့ပေါ့''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now