အတ္တဒီနေ့ညစောပြန်ပြီးသူ့ဂရုစိုက်ပေးသောမိန်းကလေးကဘယ်သူလဲသိချင်နေတာကြောင့်စောင့်ဖမ်းဖို့ဆုံးဖြတ်လိုက်သည်။
အတ္တဆီသို့မုန့်တွေနဲ့လာလာတတ်သောကလေးမလေးကိုကြည့်ရင်းသူမနဲ့တူနေသည်ဟုအတ္တတဖြည်းဖြည်းမြင်လာမိသည်။
ည၈နာရီကတည်းကအတ္တအိမ်ရှေ့ကားဂိုထောင်ဘေးမှာကော်ဖီသောက်ရင်းထိုင်စောင့်နေလေသည်၊အရိပ်လည်းကျတာကြောင့်တော်ရုံသူ့ကိုမမြင်နိုင်ချေ။
ည၉နာရီထိုးတော့အချိန်မှန်ပါပင်..
အတ္တရာအတ္တအတွက်ဆိုင်တဆိုင်မှာမုန့်တချို့၀ယ်ပြီးသူရှိရာတိုက်ခန်းဆီသို့ထွက်လာခဲ့သည်။
''မေမေ..အဲဦးဦးကအရမ်းချောတာဘဲနော်...မေမေဦးဦးနဲ့သွားမတွေ့ချင်ဘူးလားဟင်''
သမီးလေးခေတ်အတ္တရာမောင်ကအတ္တရာအားမေးလာသည်။
''မတွေ့ချင်ဘူးမေမေသူ့ကိုအရမ်းမုန်းတယ်သမီး..''
''ဘာလို့လဲမေမေ..''
''ခေတ်အတ္တရာမောင်မေမေကားမောင်းနေတယ်လေဘာလို့စကားများနေရတာလဲ'
အတ္တရာဆူလိုက်တော့မျက်နှာငယ်လေးနဲ့ပြန်ငုံ့သွားလေသည်။
အတ္တရာသမီးလေးကိုမဆူချင်ပါ..ဒါပေမယ့်ထိုလူ့အကြောင်းဘာကြောင့်သမီးလေးကစိတ်၀င်တစားပြောနေရသနည်းအတ္တရာအဲဒါကိုသဘောမကျပေ။
သမီးလေးဟာသူ့သွေးသားဆိုပေမယ့်အတ္တရာရဲ့သမီးလေး..သူနဲ့ဆိုင်ပေမယ့်မပိုင်ဘူး..သမီးလေးကိုအတ္တနဲ့ရင်းနှီးအောင်သူဘယ်တော့မှကြိုးစားခွင့်ပေးမည်မဟုတ်ပါ...
ခနကြာတော့အတ္တနေတဲ့တိုက်ခန်းရှေ့ကိုရောက်လာခဲ့လေသည်။
''သမီးလေး..သမီးလေး..မေမေ့ကိုကြည့်မေမေသမီးကိုဆူလိုက်တာမဆိုင်တဲ့ကိစ္စကိုမပြောစေချင်လို့နော်သမီးမေမေကိုနားလည်ပေးပါ..ဒီမှာသမီးဦးဦးအတွက်မုန့်တွေသွားပို့ပေးနော်''
''ဟူတ်ကဲ့မေမေ..''သမီးလေးဟာကားပေါ်ကနေအတ္တ၏တိုက်ခန်းဘက်ကိုပြေးသွားလေသည်။
အတ္တရာကားပေါ်မှဆင်းပြီးသမီးလေးကိုသေချာကြည့်နေမိသည်။
YOU ARE READING
ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာ
RomanceTransman ❤ girl နာကျည်းမှုလွန်ကဲနေတဲ့အမုန်းဆိုတဲ့နှောင်ကြိုးမျှင်ကိုဖြတ်တောက်ပစ်ခဲ့မယ်ဆိုရင်..ဦးမုန်းနေတဲ့တေးဟာဦးသိပ်ချစ်ရတဲ့တေးဖြစ်လာမယ်ဆိုတာတေးယုံကြည်တယ်ဦး... အထင်လွဲပြီးမုန်းတီးနေရာကနေချစ်မိသွား ခဲ့သောမဟာတစ်ယောက်အမုန်းတေးကိုအချစ်စစ်အချစ်မှန်နဲ့တက...