အမုန်းလွန်ချစ်မေတ္တာ(part21)

404 16 0
                                    

''ဟယ်လိုခန့်..''

''.....''

''အေးငါအခုလာခဲ့မယ်..''

မနက်စာစားနေရင်းရိုင်းကိုခန့်ဖုန်းဆက်ပြီးမုန်းငြိုးမာန်ကိုရှာတွေ့ပြီးဟုဖုန်းဆက်လာတာကြောင့်ရိုင်းမနက်စာကိုတောင်ဆက်မစားတော့ဘဲမုန်းငြိုးမာန်ရှိရာသို့ကားကိုဒုန်းစိုင်းမောင်းသွားတော့သည်။

''မမလွန်းကိုရိုင်းဘယ်သွားတာလဲ''

''သူအရေးကြီးကိစ္စရှိလို့ထင်တယ်..မမတို့မနက်စာစားကြရအောင်မယ်..ဒီနေ့မယ်OGရက်ချိန်းရှိတယ်မလား''

''ဟူတ်ကဲ့''

''မမတို့စားပြီးရင်သွားရအောင်...''

မယ်ကိုယ့်၀န်က၃လထဲကိုရောက်နင့်လာပြီး..မမလွန်းနဲ့ကိုရိုင်းကလဲမယ့်ကိုအရင်ကထက်ပိုပြီးဂရုစိုက်လေသည်။

OGဆီကို၁ပတ်တခါမယ့်အားလိုက်ပို့ပေးကြလေသည်။

မယ်သာမမလွန်းတို့နဲ့အတူနေဖို့ငြင်းခဲ့ရင်တစ်ယောက်ထဲရပ်တည်နေတဲ့မယ်ဟာပို၍ခက်ခဲမယ်ဆိုတာ...မယ်အခုတော့သိသွားပြီး..

ရိုင်းခန့်ပြောသောနယ်ကမုန်းငြိုးမာန်ရှိရာဆီသို့ထွက်လာခဲ့တော့သည်။

''ခန့်မင်းအဲကောင်ကိုမျက်ခြေမပျက်စောင့်ကြည့်ထား..ငါအခုလာနေပြီး..အေး''

ရိုင်းဖုန်းပြောနေရင်းနဲ့ကားမောင်းလာခဲ့သည်။

တစ်ချိန်လုံးအနောက်ကနေထပ်ကြပ်မကွာလိုက်လာသောကားကိုတော့ရိုင်းသတိမထားမိပေ။

နေ့စက္ခမင်းသူ့တပည့်တစ်ယောက်ကိုရိုင်း၏ကားနောက်သို့လွှတ်ကာရိုင်းအားအပြတ်ရှင်းခိုင်းလေသည်။

''ရိုင်းအက္ကဆက်ငါ့ရဲ့အချစ်ကိုမင်းလုယူခဲ့တဲ့အပြစ်အတွက်မင်းပြန်ပေးဆပ်ရမယ်...''

ရိုင်းအလျင်စလိုနဲ့မောင်းလာရာအ၀ေးပြေးလမ်းမပေါ်မှာရုတ်တရက်အနောက်ကနေကျော်တက်လာသောကားကရိုင်း၏ကားအားဘေးကနေပွတ်တိုက်သွားလေသည်။

ရိုင်းကားကိုအရှိန်တင်ထားတာကြောင့်ထိန်းမရတော့ဘဲသစ်ပင်ကို၀င်တိုက်သွားတော့သည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now