အမုန်းလွန်ချစ်မေတ္တာ(part5)

394 16 0
                                    

ည၁၂နာရီ

ရွှေမြစံအိမ်ရဲ့ခြံထဲကိုမောင်း၀င်လာသောကားတစ်စီးဘယ်သူ့ကားလဲဟုမေးစရာမလိုပင်..

မဟာကားကိုအိမ်ရှေ့တည့်တည့်မှာရပ်လိုက်ပြီးချက်ချင်းကားပေါ်မှဆင်းကာအိမ်ပေါ်သို့လျင်မြန်စွာတက်လာလေသည်။သူမနေသည့်အခန်းရှိရာသို့ရောက်သွားတော့အခန်းထဲတွင်သူမအရိပ်အယောင်ပင်မတွေ့ရပေ။

''စိုးစံ..စိုးစံ...''

ဟိန်းထွက်လာသောမဟာ့အသံကြောင့်စိုးစံတစ်ယောက်ချက်ချင်းအကိုလေးဆီသို့ရောက်လာခဲ့လေသည်။

''အကိုလေး..ကျနော်ရောက်ပါပြီး...''

''အမုန်းတေးဘယ်ရောက်သွားတာလဲ...''

''ဗျာ!!!''မဟာရဲ့အသံကဒေါသသံတွေရောယှက်နေခဲ့သည်။

''ငါမေးနေတယ်လေအမုန်းတေးဘယ်မှာလဲ...''

''ကျနော်မသိပါဘူးအကိုလေး..ညတုန်းကအစောကြီးအိပ်ယာ၀င်သွားတာကျနော်တွေ့ခဲ့ပါတယ်..အခုအိပ်ခန်းထဲမှာမတွေ့ဘူးဆိုတော့သန့်စင်ခန်းသွားတာဖြစ်နိုင်တယ်...''

''တစ်အိမ်လုံးနေရာအနှံ့လိုက်ရှာကြ...မင်းထက်ခြံတံခါးသေချာပိတ်ထားခဲ့လား..''

''ဟုတ်ကဲ့အကိုလေး..''

''အမုန်းတေး..အမုန်းတေးမင်းကငါ့လက်ထဲကနေပြေးထွက်ချင်နေတယ်ပေါ့..မင်းဘယ်တော့မှာငါ့လက်ကမလွတ်စေရဘူး..မင်းထက်အိမ်အနှံ့ခြံအနှံရှာစမ်း..တွေ့လို့ကတော့အဲမိန်းကလေးငါရဲ့လက်စာမိမယ်သွားရှာကြစမ်း...''

''ဟုတ်ကဲ့အကိုလေး...''မင်းထက်လည်းအကိုလေးအခုလိုဒေါသထွက်တာမမြ်ငဖူးတော့လန့်နေမိသည်။

ခနအကြာတော့အကုန်လုံးမဟာရှိရာဧည့်ခန်းထဲကိုရောက်လာခဲ့လေသည်။

''အမုန်းတေးကိုရှာတွေ့ခဲ့လား...''အေးစက်စက်လေသံကသူတို့တွေအဖို့ကျောချမ်းစရာပင်..

''မတွေ့ခဲ့ပါဘူးအကိုလေး...''

''သေချာနေပြီးသူဒီအိမ်ကနေထွက်ပြေးသွားတယ်ဆိုတာ..မင်းထက်မြို့အနှံ့အဲကလေးမကိုသေချာလိုက်ရှာခဲ့ကြ...''

''ဟုတ်ကဲ့အကိုလေး...''

မင်းထက်နဲ့သူ့လူတွေထွက်သွားတော့မဟာစိုးစံဘက်သို့လှည့်ကာ''ခဗျားအပြစ်မဟုတ်ဘူးခဗျားအနားယူလိူ့ရပြီးသွားတော့...''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now