အမုန်းလွန်ချစ်မေတ္တာ(part18)

439 20 0
                                    

''အမုန်းတေးမင်းကငါ့ကိုချစ်တယ်ပြောပြီးတခြားတစ်ယောက်ရင်ခွင်ထဲမှာ..ငါကွာ..တောက်..''

မဟာဘားမှာအရက်သောက်ပြီးပေါက်ကွဲနေလေသည်။

''ဟေးတစ်ယောက်ထဲလား..တိူ့အဖော်ပြုပေးပါရစေ..''

မဟာဘေးနားကိုရောက်လာသောမွှန်ထူထူရေမွှေးနဲ့စကပ်အတိုအပြတ်ကို၀တ်ဆင်ထားပြီးမျက်နှာပေါ်မှာမိတ်ကပ်တွေဖွေးနေအောင်လိမ်ခြယ်ထားကာနှုတ်ခမ်းကိုနီရဲအောင်ဆိုးထားသောသူမပုံစံဟာမဟာ့ကိုအတော်လေးစိတ်ပျက်စေပြီအမူးပါပြေစေသည်။

''ငါ့ကိုသိလို့လား...''

''သိတာပေါ့မြန်မာပြည်ရဲ့ထိပ်တန်းသူဌေးကြီးဦးမင်းထိုက်မဟာဆိုတာမသိသူမရှိဘူးလေ''

''ဟက်!!..''

''ဒါနဲ့ရှင်ကတစ်ယောက်ထဲလားခမ်းနွယ်အဖော်ပြုပေးပါရစေ..''

''မလိုဘူး.ငါ့ရှေ့ကထွက်သွား!!''

''အိုဘယ်လိုဖြစ်လို့နှင်ထုတ်နေရတာလဲခမ်းနွယ်ကရှင့်ကိုအဖော်ပြုပေးမလို့ဟာကို...''

ပြောရင်းမဟာပေါင်ပေါ်သို့တက်ထိုင်လာသောသူမကြောင့်မဟာခနကထွက်နေသောဒေါသများဆတိုး၍ထွက်လာခဲ့တော့သည်။

''တောက်!!ဖယ်စမ်း''မဟာပေါင်ပေါ်ကသူမကိုတွန်းချပြီး''မန်နေဂျာ..မန်နေဂျာ..''

မန်နေဂျာမှာမဟာ့အသံကြောင့်ချက်ချင်းပြာပြာသလဲဖြစ်ရောက်ချလာသည်။

''ဘာလိုလို့လဲသူဌေးမင်း..''

''ဘားမှာဘယ်လိုဟာမကိုခန့်အပ်ထားတာလဲ''

''ဗျာဘာဖြစ်လို့လဲ..''

''ငါခွင့်ပြုချက်မရှိဘဲငါ့အသားကိုမထိရဘူးဆိုတာမင်းမပြောထားဘူးလား..''

''သူဌေးမင်းကျနော်တောင်းပန်ပါတယ်ဗျသူကအသစ်မို့လို့မသိသေးတာပါ..''

''နောက်တခါဆိုအလုပ်ကနေ၃လစာပေးပြီးထုတ်လိုက်..တောက်!!''

''သူဌေးမင်းအရက်လိုသေးလား''

''ငါသောက်ချင်စိတ်မရှိတော့ဘူး..ချမ်းမြမင်းဘားမှာ၀န်ထမ်းခေါ်ရင်ငါ့အကြောင်းသေချာထောင့်စေ့အောင်ပြောပြထားလိုက်''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now