အမုန်းလွန်ချစ်မေတ္တာ(part14)🚨🚨🚨

726 20 0
                                    

ည၁၁နာရီကျော်နေပြီးတေးအခုထက်ထိဧည့်ခန်းထဲမှာရှိနေတုန်းပင်...

*ဦးညနေပြန်လာမယ်ပြောပြီးတော့ဘာလို့ချက်ချင်းပြန်မလာဘူးပြောရတာလဲ...ဦးတေးကိုကိုကြီးကြောင့်အရမ်းမုန်းသွားပြီးလားဟင်...*

တေးအချိန်ကြာကြီးဧည့်ခန်းထဲမှာတယောက်ထဲထိုင်နေမိသည်။

ခနကြာတော့အိမ်ရှေ့မှကားဟွန်းတီးသံကြားသောကြောင့်တေးအိမ်ပြင်သို့ထွက်လာခဲ့လေသည်။

''ကိုမင်းထက်ပါလားဦးရောဟင်သူဒီညပြန်မလာတော့ဘူးလားဟင်...''

မင်းထက်သူမအားကြည့်လိုက်တော့သူမပုံစံဟာအကိုလေးပြန်လာမည်အထင်နဲ့စောင့်စားနေသည့်ပုံပင်..

''အကိုလေးဒီညတော့ပြန်မလာဖြစ်လောက်ဘူးအမုန်းတေး..''

''ဦးအရေးကြီးအလုပ်ရှိလို့လားဟင်..''

''အာ..ဟုတ်မယ်ထင်တာဘဲကျနော့်ကိုလည်းမပြောထားဘူးဗျ..ဒါနဲ့အမုန်းတေးဘာလို့မအိပ်သေးတာလဲ..''

''တေးဦးပြန်လာမယ်အထင်နဲ့မအိပ်ဘဲစောင့်နေခဲ့တာ..ဦးကပြန်မလာတော့ဘူးဆိုတော့တေးသွားအိပ်တော့မယ်ကိုမင်းထက်ခွင့်ပြုပါအုန်း...''

''အင်းအင်း...''

တေးကိုမင်းထက်ကိုနှုတ်ဆက်ပြီးအခန်းဆီသို့ပြန်လာခဲ့လေသည်။

အခန်းထဲရောက်တော့တေးတင်းထားသမျှအရာအားလုံးရှုံးပွဲချကာငိုကြွေးတော့သည်။

အိမ်တော်ထဲတွင်

မဟာတစ်ယောက်တစ်ခုခုကိုလိုအပ်နေသလိုအိပ်လို့မပျော်ပေ။

ဟိုလှိမ့်ဒီလှိမ့်နဲ့၁၁နာရီတောင်ခွဲသွားပြီး...

''ကျစ်!!''စုတ်သပ်ကာအိပ်ယာပေါ်မှထလိုက်လေသည်။

စားပွဲပေါ်ကကားသော့ကိုယူပြီးအခန်းထဲမှထွက်လာခဲ့တော့သည်။

မဟာအောက်ထပ်ကိုဆင်းလာတော့ဧည့်ခန်းထဲတွင်၀ိုင်ပုလင်းနဲ့အမြည်းတွေချကာ၀ိုင်းဖွဲ့သောက်နေသောမြတ်နဲ့မင်းထွဋ်အောင်ကိုတွေ့ရလေသည်။

*သူတို့၂ယောက်ဘယ်ချိန်တုန်းကခင်မင်သွားတာလဲ...*

မဟာ့ကိုမြင်တော့မင်းထွဋ့်မှ''ဟာကိုကြီးပါလား..အိပ်မပျော်လို့လား..ကျနော်တို့နဲ့လာသောက်လှည့်ပါအုန်း..''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now