အမုန်းလွန်ချစ်မေတ္တာ(part15)

548 23 0
                                    

မနက်၅နာရီမဟာနိုးလာတော့ဘေးနားမှာအမုန်းတေးမရှိတော့ပေ။

မဟာသူမကိုလိုက်ရှာမလို့ထလိုက်မိသည်။

သူမကရေချိုးခန်းကနေထွက်လာပြီးမဟာအားနှူတ်ဆက်လာသည်။

''ဦးmorning''

''ဒီအချိန်ကြီးဘာထလုပ်တာလဲအမုန်းတေး''

''ဦးမနက်စာစားဖို့အတွက်တေးချက်ပြုတ်ရအုန်းမှာလေ...ဒါကြောင့်စောစောထတာပါ..ဦးညကအိပ်ရေးပျက်ထားတာမလားဆက်အိပ်လေတေးမနက်စာပြင်ဆင်ပြီးရင်ဦးကိုလာခေါ်မယ်နော်..''

တေးဦးကိုပြောပြီးအခန်းထဲကထွက်သွားဖို့ပြင်တော့ဦးကတေးလက်ကိုလှမ်းဆွဲလာသည်။

''မင်းဘာလို့ငါအပေါ်အရမ်းကောင်းနေတာလဲ..''

''ဦးကိုချစ်လို့ပေါ့..''

''ငါမင်းကိုမုန်းနေတာတောင်မှလေ''

''တေးပြောပြီးပြီးလေဦးတေးကိုအရမ်းမုန်းနေရင်ဦးကိုဆက်ချစ်သွားမယ်''

မဟာအမုန်းတေးရဲ့စကားကြောင့်သူမအပေါ်ထားခဲ့သောအမုန်းတရားတွေဟာအရမ်းမှားနေပြီးလားဆိုတာမဟာတွေးမိသွားလေသည်။

*သူမအကိုကြောင့်ငါသူမကိုမုန်းနေပေမယ့်တကယ်တမ်းကျတော့သူမမှာဘာအပြစ်မှမရှိခဲ့ဘူးဆိုတာငါသိတယ်..ဘာလို့ငါသူမကိုမုန်းနေရတာလဲ...ငါပါးစပ်ကသာသူမကိုမုန်းတယ်ပြောပေမယ့်ငါနှလုံးသားကသူမကိုမြင်ရင်တွေတဒိတ်ဒိတ်ခုန်နေမိတာငါငြင်းဆန်လို့မရခဲ့ဘူး..တကယ်ဘဲငါသူ့ကိုချစ်နေမိပြီးလား.*

ဦးအတွေးတွေ၀င်နေတာကြောင့်တေးဦးကိုသတိပေးလိုက်လေသည်။

''ဦး..ဦး''

''ဟင်''

''ဘာတွေတွေးနေတာလဲခနကမှအိပ်ရတာမဟုတ်လားပြန်အိပ်လိုက်လေ..တေးမနက်စာပြင်ပြီးရင်လာနှိုးလှည့်မယ်နော်..''

''ခနလေးနေပါအုန်းတေး...''

''ရှင်ဘာလုပ်မလို့..အွန့်''

ရုတ်တရက်နမ်းရှိုက်လာသောဦးကြောင့်တေးအံ့သြမှင်သက်နေမိသည်။

တေးသတိ၀င်လာတော့မှဦးရဲ့လည်ပင်းကိုသိူင်းဖက်ပြီးအနမ်းတို့ကိုဆက်လက်ပုံဖော်နေတော့သည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now