အမုန်းလွန်ချစ်မေတ္တာ(part19)

426 16 0
                                    

ရိုင်းတို့၂ယောက်ဖုန်းထဲကလိပ်စာအတိုင်းဆေးရုံသို့ရောက်လာခဲ့သည်။

ရိုင်းကကောင်တာနားကိုသွားပြီး''တဆိတ်လောက်ဗျ..ရှင်တော်မယ်မူးလဲပြီးဒီဆေးရုံကိုရောက်နေတယ်ကြားလို့သူမအခန်းနံပါတ်လေးပြောပြပေးလို့ရမလား''

သူနာပြုမလေးကခနလေးဟုပြောကာလူနာမှတ်တမ်းကိုလှန်ပြီးနာမည်ကိုရှာကြည့်နေလေသည်။

''တွေ့ပြီးအခန်းနံပါတ်၁၃၄မှာပါ..ဒီလှေကားကနေတက်သွားလိုက်တတိယအထပ်မှာပါ..''

''ဟူတ်ကဲ့ကျေးဇူးပါနော်...''

ရိုင်းတို့၂ယောက်သားမယ့်ရှိရာအခန်းဆီသို့အပြေးလေးလာခဲ့သည်။

အခန်း၁၃၄ရှေ့ကိုရောက်တော့ရိုင်းတံခါးတွန်းဖွင့်ပြီး၀င်လာခဲ့သည်။အခန်းထဲမှာမိန်းမငယ်လေးနဲ့ကုတင်ပေါ်တွင်ယခုထိသတိမလည်သေးရှင်တော်မယ်အားရိုင်းတို့တွေ့ရလေသည်။

လွန်းကတော့ဘေးနားမှာထိုင်နေတဲ့မယ်တို့ရဲ့အိမ်ဖော်မလေးလှလှဆီသို့သွားကာ''ညီမလေးမယ်ဘယ်လိုဖြစ်ရတာလဲကွယ်လှလှမမကိုပြောပြပါအုန်း''

''ဟုတ်ကဲ့မမ..''လှလှလည်းသူအိမ်မှာမြင်တွေ့ခဲ့ရသမျှကိုအချွင်းချန်ဘဲလွန်းအားပြောပြလာသည်။

ရိုင်းယခုလိုကြားသိရတော့မုန်းငြိုးမာန်အားတောက်ခေါက်တော့သည်။

''တောက်!!လူစိတ်မရှိတဲ့ကောင်..ကိုယ့်မိန်းမအခုလိုဖြစ်သွားတာတောင်ပစ်ထားရက်တယ်နေပါလေ့စေအဲကောင်ကိုမြေလှန်ရှာပြီးမှအသေထိုးပစ်မယ်..''

''လှလှမယ်ကဘာဖြစ်လို့မူးလည်တာလဲဟင်ဆရာ၀န်တွေပြောပြပြီးပြီးလား..''

ထိုအချိန်ရိုင်းတို့ရှိနေတဲ့အခန်းကိုဆရာ၀န်နဲ့သူနာပြု၀င်လာခဲ့လေသည်။

''ဒီကလူနာရှင်ရဲ့မိသားစု၀င်လား''

ရိုင်းတို့ကိုကြည့်ပြီးဆရာကမေးလိုက်သည်။

''ဟုတ်ပါတယ်ဗျ..ဆရာကျနော်ခယ်မလေးဘာဖြစ်လို့လဲဗျ...''

''မူးလဲတာကအားနည်းလို့ပြီးတော့ဒီကလေးမမှာကိုယ်၀န်ရှိနေတယ်...''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now