အမုန်းလွန်ချစ်မေတ္တာ(part8)

403 12 0
                                    

ငြိုးဒေါသများကိုမျိုသိပ်ပြီးဆေးရုံသို့၀င်လာခဲ့လေသည်။

မယ်ဆေးစစ်ချက်တွေကိုလမ်းလျှောက်ရင်းစစ်ဆေးနေချိန်မတော်တဆလူတစ်ယောက်နဲ့တိုက်မိသွားလေသည်။

ဘုတ်!!!

မယ်ကိုင်ထားသောစာရွက်တွေမှာလဲအောက်သို့ပြန့်ကျဲသွားလေသည်။

ငြိုးစိတ်နဲ့ကိုယ်မကပ်ဘဲလမ်းလျှောက်လာခဲ့ရာတစ်စုံတစ်ဦးနဲ့မတော်တဆတိုက်မိသွားခဲ့သည်။

ငြိုးတိုက်မိသူကမိန်းကလေးတစ်ယောက်ဖြစ်နေလေသည်။ငြိုးချက်ချင်းသူမကိုထူပေးပြီးနောက်စာရွက်များကိုကောက်ပေးလေသည်။

မယ်ဒေါသနဲ့တုန့်ပြန်မလို့ထိုလူ့မျက်နှာကိုကြည့်လိုက်ချိန်မှာဒေါသတို့ဟာပျောက်ရှကုန်လေသည်။

မယ်၄နှစ်နီးပါးရှာမတွေ့ခဲ့သောသူကအခုမယ့်ရှေ့မှာပင်...

မယ်အရမ်းတွေ့ချင်နေသောသူ...

ငြိုးအဆင်ပြေရဲ့လားမေးနေတာကိုဘာမှမတုံ့ပြန်သောထိုမိန်းကလေးကြောင့်ငြိုးသူမပုခုံးကိုလှုပ်ကာ''မိန်းကလေး..မိန်းကလေး..''

မယ်ထိုလူ့အားကြောင်ပြီးငေးနေစဥ်ထိုလူကမယ့်ပုခုံးအားကိုင်လှုပ်ပြီးခေါ်လာတာကြောင့်မယ်အသိစိတ်ကိုပြန်ကပ်ရင်း''ရှင်..''

''အဆင်ပြေရဲ့လား...''

''ဟုတ်..အဆင်ပြေပါတယ်..''

''ကျနော်တောင်းပန်ပါတယ်''

သူမအားစာရွက်တွေပေးပြီးထွက်သွားဖို့လုပ်တော့ငြိုး၏လက်တစ်ဖက်အားသူမဆွဲထားကာ''ကိုမုန်းငြိုးမာန်ခနလေး...''

''ဗျာ..ကျနော့်ကိုသိနေတာလား...''သူ့နာမည်အပြည့်စုံကိုသိနေသောသူမအားငြိုးအံ့သြမှုတို့နဲ့ကြည့်နေခဲ့မိသည်။

''မယ့်နောက်ကိုလိုက်ခဲ့..''

သူမဆွဲခေါ်ရာနောက်သို့ကြောင်တောင်တောင်နဲ့လိုက်ပါသွားလေသည်။

မယ်ရုံးခန်းထဲတွင်

''မိန်းကလေးရပါတယ်....ကျနော့်ဘာသာလုပ်ပါ့မယ်...''

''မယ်လုပ်ပေးနေတယ်လေကိုမာန်ငြိမ်ငြိမ်လေးနေပေးပါ...''သူမစကားကြောင့်ငြိုးငြိမ်နေလိုက်သည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now